THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

MYANMAR INDUSTRY PORTAL

Resources are Limited. Creativity is Unlimited.
  • Home Announcements News စက်မှုသင်တန်းကျောင်းများတွင်အသုံးပြုရန်အတွက် စက်နှင့်စက်ပစ္စည်းများဝယ်ယူရန် အိတ်...

စက်မှုသင်တန်းကျောင်းများတွင်အသုံးပြုရန်အတွက် စက်နှင့်စက်ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Thu 15-10-2020 Directorate of Industrial Collaboration

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်နှင့်စက်ပစ္စည်းများဝယ်ယူခြင်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်ရှိ စက်မှုသင်တန်းကျောင်းများတွင် အသုံးပြုရန်အတွက် ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း  အသုံးစရိတ်မှ အောက်ဖော်ပြပါ စက်နှင့်စက်ပစ္စည်းများ ဝယ်ယူရန်ရှိပါသဖြင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

စဉ် Lot အမည် ပစ္စည်းအမျိုးအမည်
(က) Lot -1 Driving Training Simulator (Full Set)
(ခ) Lot-2 Machinery & Equipment (၂၂)မျိုး
  တင်ဒါပုံစံစတင်ရောင်းချမည့်ရက်  -     ၂၂ . ၁၀ . ၂၀၂၀
  တင်ဒါပိတ်မည့်ရက်နှင့်အချိန်  -      ၆.၁၁.၂၀၂၀ (၁၆:၀၀) နာရီ
  တင်ဒါပေးသွင်းရမည့်နေရာ ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
    စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
    ရုံးအမှတ် (၃၀)၊ နေပြည်တော်

                                                            
၂။    စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
    
       သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
       စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
       ရုံးအမှတ်(၃၀)၊ နေပြည်တော်
       ဖုန်း- ၀၆၇ ၃၄၀၅၀၅၁


Top