စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ)တွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း Ambulance မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်အတွက် လိုအပ်သော JINBEI Haise (2020 Model, Diesel Engine, LHD Power Steering Brand-New) (China) မော်တော်ယာဉ်(၁၁)စီး (1 Lot)အား စက်ရုံအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၆.၇.၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်မှစ၍ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး၊ အသေးစိတ်အချက်အလက်များသိရှိလိုပါက စီမံရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၀၅၃၂၂၊ ၀၆၇-၄၀၅၁၅၉ တွင် စုံစမ်းဝယ်ယူ နိုင်ပါသည်။
၃။ တင်ဒါပိတ်ရက်နှင့်အချိန် - (၁၇.၇.၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီ။
၄။ တင်ဒါသွင်းရမည့်နေရာ - အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ်(၃၀)၊ နေပြည်တော်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ