ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Announcements News အစိုးရဌာနဆိုင်ရာရုံးများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက...

အစိုးရဌာနဆိုင်ရာရုံးများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များ


Wed 20-05-2020 Directorate of Industrial Supervision and Inspection

(၁) ဓာတ်တိုင်မှရုံးသို့သွယ်တန်းထားသော အိမ်သွယ်ကြိုး(Service Wire)များအား ရုံးဝင်း ခြံစည်း ရိုးများ၊ ရုံး အဆောက်အဦနံရံများ ၊ သံဇကာများနှင့် လွတ်ကင်းအောင် သွယ်တန်းရန် ၊  သက်တမ်း လွန်၍ ဆွေးမြေ့ ပေါက်ပြဲနေခြင်း ရှိ/မရှိ နှင့် အသုံးပြုဝန်အား နိုင်နင်းမှု ရှိ/မရှိ သတိပြုရန်၊
(၂) ရုံးအဆောက်အဦ အတွင်း အသုံးပြုသော ဝါယာကြိုးများပေါက်ပြဲနေခြင်း ၊ မီးခလုတ်များနှင့် ပလပ်ပေါက်များ ၊ ပျက်စီးနေခြင်းများရှိပါက အမြန်ဆုံးလဲလှယ်ပြုပြင်ရန် ၊ ရုံးအတွင်း လျှပ်စစ် သွယ်တန်းပြုပြင်မှုများကို လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ရရှိသူများဖြင့်သာ ဆောင်ရွက်ရန်၊
(၃) ရုံးအဆောက်အဦ အတွင်း အသုံးပြုသော လျှပ်စစ်ပစ္စည်းကိရိယာ တစ်ခုချင်းစီ ၏ စနစ်အရ မြေစိုက်ကြိုး နှင့် ဆက်သွယ်ရန်လိုအပ်လျှင် သုံးပင် ပလပ်ခေါင်း နှင့် ပလပ်ပေါက်များကိုသာ အသုံးပြုရန်၊
(၄) အရည်အသွေးပြည့်မီသော လျှပ်စစ်ပစ္စည်းများကိုသာ အသုံးပြုရန်၊
(၅) လျှပ်စစ်ကြောင့် အပူလွန်ကဲ၍ မီးလောင်မှု ၊ ဓာတ်လိုက်မှု စသည့် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ် ပါက မိန်းခလုတ်ကို အမြန်ဆုံးပိတ်ရန် ၊
(၆) မိန်းခလုတ်ခုံတွင် အများသုံးမီးလိုင်းနှင့် လုံခြုံရေးမီးလိုင်းများ ခွဲခြားထားရန် ၊ ရုံးဆင်းလျှင် အများသုံးမီးလိုင်း မီးခလုတ်ကို ပိတ်၍ လုံခြုံရေးမီးလိုင်းများကိုသာ အသုံးပြုရန်၊
(၇) ရုံးဆင်း အိမ်ပြန်လျှင် ရုံးခန်း နှင့် ကွန်ပျူတာခန်းများရှိ မီးခလုတ်များကို သေချာစွာ ပိတ်ခဲ့ရန် နှင့် မီးပလပ်များအား ဖြုတ်ခဲ့ရန်၊
(၈) Flexible ဝါယာကြိုးပျော့များကို အရှည် ၂၅ ပေ (၈ မီတာ)ထက်ကျော်လွန်၍ အသုံးမပြုရန် နှင့် သတ္ထုကိုယ်ထည်များ နှင့် ထိစပ် သွယ်တန်းခြင်းမပြုရန် ၊ 
(၉) လျှပ်စစ်မီးကြိုးများ နှင့် အသုံးပြုနေသော လျှပ်စစ်ပစ္စည်းများအား လျှပ်စစ်ဓာတ်အား ရှိသည်ဟု ယူဆပြီး ကိုင်တွယ်ဆောင်ရွက်အသုံးပြုရန် ၊ 
(၁၀) လျှပ်စီးဓာတ်အား ယိုစီးခြင်းကြောင့်ဖြစ်ပေါ်သော လျှပ်စစ်အန္တရာယ်ကို ကာကွယ်မှုပေးသည့် ကိရိယာ (Residual Current Protective Device)များဖြစ်သည့် RCD/ RCBO/ RCCB များကို ရုံးအဆောက်အဦများတွင် တပ်ဆင်အသုံးပြုရန်၊
(၁၁) အပူထွက်သော လျှပ်စစ်ပစ္စည်းကိရိယာများ၊  Switch & Socket , Plug များ ၊ ဓာတ်အားဖြန့်ဖြူး ရေးဘုတ်ခုံ(DB)များ နှင့် အနီးအနားတွင် စက္ကူ၊ စာအုပ် စသည့်မီးလောင်လွယ်သော ပစ္စည်းများ မထားရှိရန်၊ 
(၁၂)  လျှပ်စစ်စက်ကိရိယာများ၏ ဝါယာသွယ်တန်းမှု တစ်လျှောက် ၊ ဆက်သွယ်မှုအဆင့်ဆင့် (Connection) များ တွင်လျော့ရဲမှု (Loose Connection) မဖြစ်အောင် အခါအားလျော်စွာ စစ်ဆေးတင်းကြပ်ပေးရန်၊
(၁၃) လုံခြုံရေးတာဝန်ကျသူများ ၊ တာဝန်မှူး၊ တာဝန်ကြပ်များအနေဖြင့် လျှပ်စစ်အန္တရာယ် ၊ မီးဘေး အန္တရာယ်များမပေါ်ပေါက်စေရေးအတွက် အမြဲတမ်းသတိရှိစွာဖြင့် အလေးထားကြပ်မတ် စစ်ဆေးရန်၊

 


Top