THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စာသင်ကျောင်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်စည်း...

စာသင်ကျောင်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များ


Wed 20-05-2020 Directorate of Industrial Supervision and Inspection

(၁) ဓာတ်တိုင် မှ စာသင်ကျောင်းသို့ သွယ်တန်းထားသော အိမ်သွယ်ကြိုး(Service Wire) အား ကျောင်းဝင်း ခြံစည်းရိုးများ ၊ ကျောင်းအဆောက်အဦနံရံများ ၊ သံဇကာများနှင့် လွတ်ကင်းအောင် သွယ်တန်းရန်၊ ဆားဗစ်ဝါယာကြိုးများ ပေါက်ပြဲနေခြင်း ၊ ပြတ်ကျနေခြင်း တို့ကို တွေ့ရှိပါက ကိုင်တွယ်ခြင်း မပြုရန် ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး သို့ အကြောင်းကြားရန်၊
(၂) ကျောင်းဝင်းအတွင်း အသုံးပြုသောဝါယာကြိုးများပေါက်ပြဲနေခြင်း ၊ မီးခလုတ်များနှင့် ပလပ် ပေါက်များ ပျက်စီးနေခြင်းများရှိပါက လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ရရှိသူများဖြင့်သာ အမြန်ဆုံး လဲလှယ် ပြုပြုရန်၊
(၃) ကျောင်းအတွင်း အသုံးပြုသော လျှပ်စစ်ပစ္စည်းကိရိယာ တစ်ခုချင်းစီ၏ စနစ်အရ မြေစိုက်ကြိုး နှင့် ဆက်သွယ်ရန် ၊ လိုအပ်လျှင် သုံးပင် ပလပ်ခေါင်း နှင့် ပလပ်ပေါက်များကိုသာ အသုံးပြုရန်၊
(၄) အရည်အသွေးပြည့်မီသော လျှပ်စစ်ပစ္စည်းများကိုသာ အသုံးပြုရန်၊
(၅) လျှပ်စစ်ကြောင့် အပူလွန်ကဲ၍ မီးလောင်မှု ၊ ဓာတ်လိုက်မှု စသည့် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ် ပါက မိန်းခလုတ်ကို အမြန်ဆုံးပိတ်ရန် ၊
(၆) မိန်းခလုတ်ခုံတွင် အများသုံးမီးလိုင်းနှင့် လုံခြုံရေးမီးလိုင်းများ ခွဲခြားထားရန် ၊ ကျောင်းဆင်းလျှင် အများသုံး မီးလိုင်း မိန်းခလုတ်ပိတ်၍ လုံခြုံရေးမီးများကိုသာ အသုံးပြုရန်၊
(၇) ကျောင်းအဆင်း အိမ်ပြန်လျှင် ရုံးခန်း ၊ စာသင်ခန်း နှင့်ကွန်ပျူတာခန်းများရှိ မီးခလုတ်များကို သေချာစွာ ပိတ်ရန် နှင့် မီးပလပ်များအား ဖြုတ်ရန်၊
(၈) Flexible ဝါယာကြိုးပျော့များကို အရှည် ၂၅ ပေ (၈ မီတာ)ထက်ကျော်လွန်၍ အသုံးမပြုရန် နှင့် သတ္ထုကိုယ်ထည်များ နှင့် ထိစပ် သွယ်တန်းခြင်းမပြုရန် ၊
(၉) လျှပ်စစ်မီးကြိုးများ နှင့် အသုံးပြုနေသော လျှပ်စစ်ပစ္စည်းများအား လျှပ်စစ်ဓာတ်အား ရှိသည်ဟု ယူဆပြီး သတိရှိစွာဖြင့် ဆောင်ရွက်အသုံးပြုရန်၊
(၁၀) လျှပ်စီးဓာတ်အား ယိုစီးခြင်းကြောင့်ဖြစ်ပေါ်သော လျှပ်စစ်အန္တရာယ်ကို ကာကွယ်မှုပေးသည့် ကိရိယာ (Residual Current Protective Device)များဖြစ်သည့် RCD/ RCBO/ RCCB များကို ကျောင်းအဆောက်အဦများတွင် တပ်ဆင်အသုံးပြုရန်၊
(၁၁) အပူထွက်သော လျှပ်စစ်ပစ္စည်းကိရိယာများ၊  Switch & Socket, Plug များ ၊ ဓာတ်အား ဖြန့်ဖြူးရေး ဘုတ်ခုံ(DB)များ နှင့်အနီးအနားတွင် စက္ကူ၊ စာအုပ် စသည့်မီးလောင်လွယ်သော ပစ္စည်းများ မထားရှိရန်၊
(၁၂) လျှပ်စစ်စက်ကိရိယာများ၏ ဝါယာသွယ်တန်းမှုတလျှောက် ဆက်သွယ်မှု အဆင့်ဆင့် (Connection) များ တွင် လျော့ရဲမှု (Loose Connection) မဖြစ်အောင် အခါအားလျော်စွာ စစ်ဆေးတင်းကြပ်ရန်၊
(၁၃) လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ရှိသူ ဆရာ/ဆရာများ မှ လျှပ်စစ်နှင့်သက်ဆိုင် သော ဌာနများနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ရန်၊

 


Top