THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်ရုံ ၊ အလုပ်ရုံများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့...

စက်ရုံ ၊ အလုပ်ရုံများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ


Wed 20-05-2020 Directorate of Industrial Supervision and Inspection

 စက်ရုံ အလုပ်ရုံများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ 

() အဆောက်အဦများတွင် မိုးကြိုးလွှဲစနစ် တပ်ဆင်ရန်၊ အဆောက်အဦ ပြင်ပအလင်းရောင် နှင့် လုံခြုံရေးမီးများကို သီးခြားပတ်လမ်းဖြင့် ထိန်းချုပ် အသုံးပြုရန်၊
() လျှပ်စစ်သုံးပစ္စည်းကိရိယာများကို စနစ်တကျ တပ်ဆင်၊ကိုင်တွယ် အသုံးပြုရန်၊ အရည်အသွေး ပြည့်မီသော ပစ္စည်းများကိုသာ သုံးစွဲရန်၊
() လျှပ်စစ်သုံးကိရိယာများ၏ သတ္ထုကိုယ်ထည်များ တွင် အကာအကွယ်ပြု မြေဓာတ်ချစနစ် တပ်ဆင် ဆက်သွယ်ရန်
() အပူထွက်သော လျှပ်စစ်ပစ္စည်းကိရိယာများ၊ Switch & Socket, Plug များ ဓာတ်အားဖြန့်ဖြူး ရေးဘုတ်ခုံ(DB)များ နှင့်အနီးအနားတွင် စက္ကူ စာအုပ် စသည့် မီးလောင်လွယ်သော ပစ္စည်းများ မထားရှိရန်၊
() လျှပ်စီးဓာတ်အား ယိုစီးခြင်းကြောင့်ဖြစ်ပေါ်သောလျှပ်စစ်အန္တရာယ်ကို ကာကွယ်မှု ပေးသည့် ကိရိယာ (Residual Current Protective Device)များဖြစ်သည့် RCD/ RCBO/ RCCB များကို အဆောက်အဦများတွင် တပ်ဆင်အသုံးပြုရန်၊
() Flexible ဝါယာကြိုးပျော့များကို အရှည် ၂၅ ပေ ( မီတာ)ထက်ကျော်လွန်၍ အသုံးမပြုရန် နှင့် သတ္ထုကိုယ်ထည်များ နှင့် ထိစပ် သွယ်တန်းခြင်းမပြုရန်
( လျှပ်ထုတ်စက် (Generator)များ အသုံးပြုရာတွင် ကာကွယ်မှုပစ္စည်းများ (Protective Device) များ ပြည့်စုံစွာ အသုံးပြုရန် နှင့် လိုင်းပြောင်းခလုတ် (Change Over Switch) တပ်ဆင်အသုံးပြုရန်၊
( လုပ်ငန်းပြီးဆုံး၍ အိမ်ပြန်လျှင် ရုံးခန်း ကွန်ပျူတာခန်း နှင့် စတိုခန်းများရှိ မီးခလုတ်များကို သေချာစွာ ပိတ်ရန် နှင့် မီးပလပ်ခေါင်းများအား ဖြုတ်ခဲ့ရန်၊
() လုပ်ငန်းပြီးဆုံးသည့် အခါတိုင်း လျှပ်စစ်သုံးစက်ကိရိယာများ တွင် ဓာတ်အား အဆင့်ဆင့် ဖြတ်တောက်ရန် နှင့် လုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးရန်၊
(၁၀) လျှပ်စစ်ကိရိယာများ၏ ဝါယာသွယ်တန်းမှုတစ်လျှောက် ဆက်သွယ်မှုအဆင့်ဆင့် (Connection) များတွင်လျော့ရဲမှု (Loose Connection) မဖြစ်အောင် အခါအားလျော်စွာ စစ်ဆေးတင်းကြပ်ပေးရန်
(၁၁) လျှပ်စစ်ဆက်သွယ်တပ်ဆင်မှုများ နှင့် ပြုပြင်မှုများကို လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ် ရရှိသူများဖြင့်သာ ဆောင်ရွက်ရန်၊
(၁၂ လျှပ်စစ်သွယ်တန်း တည်ဆောက်ထားပုံ (Electrical As-built Drawing) အားမှန်ကန်စွာ စနစ်တကျ ရေးဆွဲပြီး Panel များ၌ မြင်သာသော နေရာတွင် မြဲမြံစွာကပ်ထားရန်
(၁၃) လျှပ်စစ်ကြောင့် အပူလွန်ကဲ၍ မီးလောင်မှု ဓာတ်လိုက်မှု စသည့် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ် ပါက မိန်းခလုတ်ကို အမြန်ဆုံးပိတ်ရန်
(၁၄)   လျှပ်စစ်မီးကြိုးများ နှင့် အသုံးပြုသော လျှပ်စစ်ပစ္စည်းများ အား လျှပ်စစ်ဓာတ်အားရှိသည်ဟု ယူဆပြီး သတိရှိစွာဖြင့် ဆောင်ရွက်အသုံးပြုရန်၊

  

    

 

 

 

 

 


Top