၁။ အာဆီယံနိုင်ငံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် အာပေးနိုင်ရန် ရည်ရွယ်၍ ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ASEAN Centre for Energy (ACE) မှ ဦးစီး၍ ASEAN Energy Award ဖိတ်ခေါ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ ၂၀၀၂ ခုနှစ်မှစတင် ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များ ရရှိခဲ့ပါသည်။ သို့ဖြစ်၍ ယခုကျင်းပမည့် ASEAN Energy Award 2020 ပြိုင်ပွဲသို့ Energy Efficiency နှင့်သက်ဆိုင်သည့် အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား (၃) ခုတွင် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည် -
(က) ASEAN Best Practices for Energy Efficient Buildings (EEB) Awards
(ခ) ASEAN Best Practices for Green Building (GB) Awards
(ဂ) ASEAN Best Practices for Energy Management (EM) in Buildings and Industries Awards
၂။ ပြိုင်ပွဲဝင်လျှောက်လွှာပုံစံအား စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စွမ်းအင် ခြိုးခြံချွေတာရေးဌာနထံ ဆက်သွယ်ရယူနိုင်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများကို အဆိုပါဌာနသို့ ၃၀.၃.၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပါသည်။
၃။ အဆိုပါပြိုင်ပွဲနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းလိုပါက စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာန၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာန ဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၁၅၇ နှင့် ၀၆၇-၃၄၀၅၂၂၉၊ ဖက်စ်ဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၀၅၂ နှင့် အီးမေးလ်လိပ်စာ၊ eecd.moi@gmail.com နှင့် direencdic@industry.gov.mm ၊ ဦးအောင်သက်ပိုင်၊ ဗဟိုကော်မတီဝင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ ဖုန်းအမှတ်၊ ၀၉-၄၄၄၈၉၉၆၉၉ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။