THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အား ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်အတ...

အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အား ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း


Fri 17-01-2020 No.1 Heavy Industrial Enterprise

အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အား ပုဂ္ဂလိကနှင့် 
အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်အတွက် 
စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း

    အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)၏ ထုတ်လုပ်မှု လုပ်ငန်းများနှင့် Commissioning လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ပုဂ္ဂလိကကဏ္ဍမှ စိတ်ပါဝင်စားသူများအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဖိတ်ခေါ်လျက်ရှိပါသည်။ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သည် မန္တလေး တိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆားခါးရွာအနီးတွင် တည်ရှိပါသည်။ ရန်ကုန်-မြင်းခြံ လမ်း မိုင်တိုင် (၄၅၀) ၏ အနောက်ဘက် (၃ဒသမ၃) မိုင်ခန့် အကွာတွင်ရှိပါသည်။ ထုတ်လုပ်နိုင်မှု စက်စွမ်းအားသည် တစ်နှစ်လျှင် ခန့်မှန်းတန်ချိန် (၁,၈၈၃,၀၀၀)ခန့် ဖြစ်ပါသည်။
    အစိုးရအနေဖြင့် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ရှိ သတ်မှတ်ထားသော Product Lines အချို့ကို ရောင်းချခြင်း/ ငှားရမ်းခြင်း အပါအဝင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံ အမျိုးမျိုးအတွက် အဆိုပြုလွှာများကို လက်ခံစဉ်းစားရန် ဆန္ဒရှိပါသည်။
    သံမဏိစက်ရုံလုပ်ငန်းလည်ပတ်ခြင်းနှင့် Commissioning အတွေ့အကြုံရှိသည့် EoI တင်သွင်းသူများအား Requests for Proposals ဆက်လက် တောင်းခံသွားမည် ဖြစ်ပြီး ယင်း Requests for Proposals တွင်  လက်ရှိစက်ရုံနှင့် ပိုင်ဆိုင်မှုများ၏ အသေးစိတ် အချက်အလက်များကို ဖော်ပြထားမည် ဖြစ်ပါသည်။ 
စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီ၏လက်မှတ်ရေးထိုးခွင့်ရှိသူမှ လက်မှတ်ရေးထိုးထားသည့် တရားဝင်စာနှင့်အတူ တင်ပြရမည်ဖြစ်ပါသည်။ အဆိုပါ တင်ပြစာ၏ အကြောင်းအရာတွင် Expression of Interest: Myingyan Steel Mill Tender Process 001/ 2020 ဟု ဖော်ပြ၍  အောက်ပါလိပ်စာသို့ ပေးပို့ရမည်ဖြစ်ပါသည်-

     ဦးဆောင်ညွှန်ကြားရေးမှူး၊ 
     ရုံးအမှတ်(၃၀)၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
     စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊
     ဇေယျဌာနီလမ်း၊ နေပြည်တော်။
     EoI ပုံစံ နောက်ဆုံးရောင်းချမည့်ရက်မှာ (၁၄.၂.၂၀၂၀)ဖြစ်ပါသည်။
     EoI နောက်ဆုံးလက်ခံမည့်ရက်နှင့် အချိန်မှာ (၁၇.၂.၂၀၂၀)  ရက်နေ့၊ (၁၅:၀၀) နာရီဖြစ်ပါသည်။

သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် 
ဖုန်းနံပါတ်    -    ၀၆၇-၃၄၀၅၁၅၈၊ ၀၆၇-၃၄၀၅၁၅၉၊ ၀၆၇-၃၄၀၅၃၂၂
Email:    -    hie1.steel@gmail.com


Top