THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ) ကြီးကြပ်မှုအောက်ရှိ ရာဘာပစ္စည်းစက်ရုံခွဲ (သင်္ဃန်း...

အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ) ကြီးကြပ်မှုအောက်ရှိ ရာဘာပစ္စည်းစက်ရုံခွဲ (သင်္ဃန်းကျွန်း)နှင့် အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) တို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားသူများအား


Thu 09-03-2017 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ) ကြီးကြပ်မှုအောက်ရှိ ရာဘာပစ္စည်းစက်ရုံခွဲ (သင်္ဃန်းကျွန်း) နှင့် အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) တို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် 
စိတ်ဝင်စားသူများအား
Expression of Interest (EoI) ဖိတ်ခေါ်ခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ) ကြီးကြပ်မှုအောက်ရှိ ရာဘာပစ္စည်းစက်ရုံခွဲ (သင်္ဃန်းကျွန်း)နှင့် အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) တို့ကို စိတ်ပါဝင်စားသူ ပြည်တွင်း/ပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။
၂။    ပထမအဆင့်အနေဖြင့် စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest) (EOI) ကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူလျက် ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်နေ့၊ ၁၆:၃၀ နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့ရမည်ဖြစ်ပါသည်။ 
စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (EOI) ပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို ကုမ္ပဏီ ဆိုင်ရာ အထောက်အထားများ ပြသ၍ အထက်ပါလိပ်စာတွင် (၁၃.၃.၂၀၁၇)ရက် မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
တင်ပြရမည့်ကုမ္ပဏီဆိုင်ရာ အထောက်အထားများ
    -    သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ သင်းဖွဲ့မှတ်တမ်း/စည်းမျဉ်း
    -    နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ 

 ဆက်သွယ်ရန်ဖုန်း- ၀၆၇-၄၀၈၃၇၂၊ ၀၆၇-၄၀၈၂၉၈


Top