THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုလုပ်ငန်းရှင်များသို့ One Stop Service ဆောင်ရွက်ရန် အသိပေးကြေငြာခြင်း

စက်မှုလုပ်ငန်းရှင်များသို့ One Stop Service ဆောင်ရွက်ရန် အသိပေးကြေငြာခြင်း


Thu 21-05-2015 Directorate of Industrial Supervision and Inspection

စက်မှုလုပ်ငန်းမှတ်ပုံတင်ရန်

    ၁။              စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင်‌့ စစ်ဆေးရေးဦးစီးဌာနသည် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ၏ လုပ်ငန်းလိုင်စင်/ခွင့်ပြုမိန့် များဖြင့် စက်မှုဇုန်၊စက်မှုရပ်ကွက်၊စက်မှုနယ်မြေနှင့် စက်မှုလုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုသောတည်နေရာများ၌ လုပ်ကိုင်သောပုဂ္ဂလိက စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်အညီ လျှင်မြန်မှန်ကန်စွာ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

    ၂။             ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းရှင်များ၏ စက်မှုလုပ်ငန်းများအား ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ (၁၉၉၀)ခုနှစ်နှင့်အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးများက စက်ရုံလုပ်ငန်းတည်နေရာအ‌ရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသဖြင့် ဒေသအလိုက် အောက်ဖော်ပြပါရုံးများအား ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်-

    (က)    ဦးစီးဌာနမှူ း ၊ဖုန်း -ဝ၉-၈၆၀၂၀၃၁၊ရုံးအဖွဲ့-ဖုန်း-ဝ၁-၅၅၅၁၀ဝ၊
              ရန်ကုန်တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်မြို့
    (ခ )    ဦးစီးဌာနမှူ း ၊ဖုန်း -ဝ၂ - ၃၉၅၇၃၊ရုံးအဖွဲ့-ဖုန်း - ဝ၂-၆၃၁၁၉ ၊
             မန္တလေးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးမြို့
    (ဂ )    ဦးစီးဌာနမှူ း၊ဖုန်း -ဝ၄၂ -၂၉၀၉၁ ၊ ရုံးအဖွဲ့ - ဖုန်း-ဝ၄၂-၂၉၀၉၀၊
             ဧရာဝတီတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင်‌့စစ်ဆေးရေးဦးစီးဌာန၊ ပုသိမ်မြို့
    (ဃ)    ဦးစီးဌာနမှူ း၊ဖုန်း -ဝ၇၁ -၂၃၂၀၄ ၊
              စစ်ကိုင်းတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မုံရွာမြို့
    (င )    ဦးစီးဌာနမှူးဖုန်း- ဝ၅၇-၂၇၀၄၁၊ရုံးအဖွဲ့-ဖုန်း-ဝ၅၇-၂၂၁၆၆ ၊
              မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မော်လမြိုင်မြို့
    (စ )    ဦးစီးဌာနမှူး ၊ဖုန်း -ဝ၈၁-၂၁၂၅၄၉၁၊ရုံးအဖွဲ့-ဖုန်း-ဝ၈၁-၂၁၂၂၄၄၄ ၊
              ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တောင်ကြီးမြို့
    (ဆ)    ဦးစီးဌာနမှူး၊ဖုန်း -ဝ၆၃-၂၇၄၃၃၊ရုံးအဖွဲ့-ဖုန်း-ဝ၆၃-၂၅၁၄၃ ၊
              မကွေးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မကွေးမြို့
    (ဇ )     ဦးစီးဌာနမှူး၊ ဖုန်း -ဝ၇၄-၂၂၄၁၅၊ ရုံးအဖွဲ့-ဖုန်း -ဝ၇၄-၂၉၃၈၆ ၊
              ကချင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့
    (ဈ)    ဦးစီးဌာနမှူး၊ ဖုန်း - ဝ၅၉-၂၁၁၄၆ ၊
            တနင်္သာရီတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ထားဝယ်မြို့
    (ည)    ဦးစီးဌာနမှူ း၊ ဖုန်း - ဝ၄၃-၂၃၇၄၂၊
               ရခိုင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စစ်တွေမြို့
    (ဋ )    ဦးစီးဌာနမှူ း ၊ဖုန်း - ဝ၅၈-၂၁၁၄၀၊
            ကရင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဘားအံမြို့
    (ဌ )    ဦးစီးဌာနမှူ း၊ ဖုန်း -ဝ၈၃-၂၁၀၉၁၊ရုံးအဖွဲ့-ဖုန်း -ဝ၈၃-၂၁၀၂၅ ၊
             ကယားပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ လွိုင်ကော်မြို့
    (ဍ )    ဦးစီးဌာနမှူ း၊ဖုန်း -ဝ၇၀-၂၁၀၇၄၊
             ချင်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဟားခါးမြို့
    (ဎ )    ဦးစီးဌာနမှူ း၊ဖုန်း - ဝ၅၂-၃၀၂၄၈၊ရုံးအဖွဲ့-ဖုန်း-ဝ၅၂-၃၀၈၅၂ ၊
             ပဲခူးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပဲခူးမြို့
    (ဏ)    ဦးစီးဌာနမှူ း၊ဖုန်း- ဝ၆၇-၅၅၀၁၇၈၊ရုံးအဖွဲ့-ဖုန်း-ဝ၆၇-၅၅၀၁၇၉ ၊
              နေပြည်တော်ကောင်စီနယ်မြေစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဇမ္ဗူ သီရိမြို့

    ၃။       ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်အညီ ကြိုတင်၍ ကွင်းဆင်းစစ်ဆေးရာ၌လည်းကောင်း၊ One Stop Service အားမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက်လည်းကောင်း အောက်ပါအချက်များ ပြည့်စုံစွာယူဆောင်လာရမည်ဖြစ်ရာ ဤရုံးသို့ဖုန်း(သို့မဟုတ်)စာဖြင်‌့ ကြိုတင်အကြောင်းကြားပါက ကြိုတင်ကွင်းဆင်းစစ်ဆေးပေးမည်ဖြစ်ပါသည် -
    (က)    စက်ရုံတည်နေရာ/လုပ်ငန်းနှင့်ဆက်စပ်သောဌာန/အဖွဲ့အစည်းများ၏ လိုင်စင်/ခွင့်ပြုမိန့်နှင့် အထောက်အထားများ ၊
    (ခ )    လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးနှင့် ထုတ်လုပ်မှုတန်ဖိုးများအပါဝင် လုပ်ငန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားနိုင်မည့် လုပ်ငန်းပိုင်ရှင်(သို့မဟုတ်) တရားဝင်လွှဲအပ်ထားသည့်   မန်နေဂျာ/ကိုယ်စားလှယ်၊
    (ဂ )    စက်ရုံလုပ်ငန်းကြောင့် ပတ်ဝန်းကျင်အား အနှောင့်အယှက်မဖြစ်စေရေးနှင့် ညစ်ညမ်းမှုမရှိစေရေးစီမံချက် ၊
    (ဃ)    မီးဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက်၊
    (င )    စက်ရုံအလုပ်သမားများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းရေးစီမံချက် ။

စက်မှုလုပ်ငန်းဆိုင်ရာကိစ္စများဆက်သွယ်မေးမြန်းရန်

    ၄။    စက်မှုလုပ်ငန်းရှင်များသည် စက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းအပါအဝင် စက်မှုလုပ်ငန်းဆိုင်ရာ သိရှိလိုသည့်ကိစ္စရပ်များရှိပါက ဒေသအလိုက် သက်ဆိုင်ရာဦးစီးဌာနရုံးများသို့လည်းကောင်း၊ အခက်အခဲများရှိပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးချုပ်(နေပြည်တော်)သို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်-
    (က)    ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော် ၊ ဖုန်း-ဝ၆၇-၄၀၈၀၈၂
    (ခ )    ညွှန်ကြားရေးမှူး၊ စက်မှုလုပ်ငန်းကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန၊ နေပြည်တော် ၊ ဖုန်း-ဝ၆၇-၄၀၈၂၉၁

    ၅။    ဒေသအလိုက်ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး(၃၅)ရုံးကို မကြာမီဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပါ၍ ယင်းရုံးများသို့လည်း ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပြီး လုပ်ငန်းများပိုမိုလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

 


Top