THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Tenders News Solar Tracking System သုတေသနပြုလုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Solar Tracking System သုတေသနပြုလုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Fri 16-08-2019 Directorate of Industrial Collaboration

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
Solar Tracking System သုတေသနပြုလုပ်ရန်အတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

(၁)      စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ နည်းပညာသုတေသနဌာန မှ 15kW Solar Tracking System နှင့်10kW Solar Tracking System တို့အား သုတေသနပြု စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပါ၍ အဆိုပါသုတေသနလုပ်ငန်းတွင် လိုအပ်မည့် Solar နှင့် ဆက်စပ် ပစ္စည်းများအား တင်ဒါခေါ်ယူသွားမည်ဖြစ်ပါသဖြင့် ပေးသွင်းနိုင်မည့် စျေးနှုန်းများအား အောက်ပါ အတိုင်း ပေးသွင်းနိုင်ရန်အတွက် တိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

စဉ် အကြောင်းအရာ အရေအတွက် Lot အမှတ်
(က) 15kW Solar System 1 Lot Lot (1)
  10kW Solar System 1 Lot Lot (2)
(ခ) တင်ဒါပုံစံရောင်းချမည့်ရက် − ၁၆.၈.၂၀၁၉
(ဂ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် − ၃၀.၈.၂၀၁၉(၁၆:၀၀)နာရီ
(ဃ) တင်ဒါပေးသွင်းရမည့်နေရာ − ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ 
        စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) ၊ နေပြည်တော်

၂။       စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။

နည်းပညာသုတေသနဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း၊ ၀၉၇၉၆၀၀၉၇၇၁


Top