၁။ ဆေးဝါးစက်ရုံ (အင်းစိန်)နှင့် မြင်းနှင့်သိုးမွေးမြူရေးဌာန (ရန်ပယ်/ဟဲဟိုး)ရှိ ဆေးဝါးသုံးတိရစ္ဆာန်များအတွက် အစေ့ထုတ်ပြောင်း (၁၀၀၀၅)တင်းနှင့် ကုလားပဲလုံး(၁၀၀၃)တင်း အဝယ်တင်ဒါပိတ်ရက်အား အောက်ပါအတိုင်း တိုးမြှင့်လိုက်ပါသည်-
(က) တင်ဒါပိတ်ရက် - ၂၀၁၇ ခုနှစ်၊ မေလ(၁၅)ရက်
တနင်္လာနေ့ (၁၆:၀၀)နာရီ
(ခ) ပစ္စည်းပေးသွင်းရမည့်စက်ရုံ - ဆေးဝါးစက်ရုံ(အင်းစိန်)
မြင်းနှင့်သိုးမွေးမြူရေးဌာန(ရန်ပယ်)
မြင်းနှင့်သိုးမွေးမြူရေးဌာန(ဟဲဟိုး)
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ဥက္ကဌ၊ ဈေးနှုန်းစိစစ်ရေးကော်မတီ
ရုံးအမှတ်(၃၀)၊ နေပြည်တော်)
၂။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းအသေးစိတ်အချက်အလက်များကို မြန်မာ့ဆေးဝါးလုပ်ငန်း၊ ရုံးအမှတ်(၃၇)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော် (ဖုန်း ၀၆၇-၄၀၈၃၈၈)တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပထမအကြိမ်ခေါ်ယူထားသည့် ကြော်ငြာစာအား အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.industry.gov.mm/my/article/announcements/681