THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Tenders News သက်တမ်းလွန် မော်တော်ယာဉ်များကို ဖြတ်တောက်/ဖြုတ်သိမ်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်...

သက်တမ်းလွန် မော်တော်ယာဉ်များကို ဖြတ်တောက်/ဖြုတ်သိမ်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Thu 22-09-2016 No.1 Heavy Industrial Enterprise

၁။        စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ရှိ ဖြတ်တောက်/ဖြုတ်သိမ်းရန် ကျန် သက်တမ်းလွန်ယာဉ်စီးရေ (၆၀၀၀)အား သံရည်ကျို လုံဆိုက်(၁)မီတာ ပတ်လည်ဖြစ်အောင် ဖြတ်တောက်ခြင်းနှင့် သံရည်ကျိုရာတွင် မလိုအပ်သော အစိတ်အပိုင်းများ ဖြုတ်သိမ်းခြင်း လုပ်ငန်းအတွက် မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်လိုပါသည်။

၂။        တင်ဒါပုံစံစတင်ထုတ်ယူနိုင်မည့်ရက်   -  ၃.၁၀.၂၀၁၆ ရက်။

           တင်ဒါပိတ်မည့်ရက်နှင့်အချိိန်     -   ၁၃.၁၀.၂၀၁၆ ရက် ၊ ၁၆၀၀ နာရီ။

၃။        အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။

           နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်၊ ဖုန်း - ၀၆၇ - ၄၀၅၁၃၉ ၊ ၀၆၇ - ၄၀၅၀၆၀

 


Top