စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ မြန်မာ့ဆေးဝါးလုပ်ငန်း ကြီးကြပ်မှုအတွင်းရှိ အောက်ဖော်ပြပါ စက်ရုံ/ဌာနများအတွက် ဆောက်လုပ်ရေးနှင့် စက်နှင့်စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်းများအား (CIF,YGN) နိုင်ငံခြား ငွေ (USD/ EURO)(သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသည်-
စဉ် တည်နေရာ/ အမျိုးအမည် အရေအတွက်(မျိုး)
(က) ဆောက်လုပ်ရေး
(၁) ဆေးဝါးစက်ရုံ(အင်းစိန်) ၄
(၂) ဆေးဝါးစက်ရုံ(အင်ရောင်း) ၃
(၃) သုတေသနဌာန(အင်းစိန်) ၁
( ခ) စက်နှင့်စက်ပစ္စည်း
(၁) ဆေးဝါးစက်ရုံ(အင်းစိန်) ၁၁
(၂) ဆေးဝါးစက်ရုံ(အင်ရောင်း) ၁၀
(၃) သုတေသနဌာန(အင်းစိန်) ၁
တင်ဒါစတင်ရောင်းချမည့်ရက်နှင့်အချိန် - ၁၄.၆.၂၀၁၇ ၊ (၉:၃၀)နာရီ
တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၁၄.၇.၂၀၁၇ ၊ (၁၆:၀၀)နာရီ
တင်ဒါပေးသွင်းရမည့်နေရာ - ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများ၊ တင်ဒါစည်းကမ်းချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက အောက်ပါဌာနတွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်-
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်) စီမံရေးဌာန
ရုံးအမှတ်(၃၇)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်းအမှတ် ၊ ၀၆၇-၄၀၈၂၇၅၊ ၄၀၈၁၉၅
တင်ဒါခေါ်ယူမည့် လုပ်ငန်းများ စာရင်းအား အောက်ဖော်ပြပါ link တွင် download ယူပါရန်