THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF PLANNING FINANCE AND INDUSTRY

MYANMAR INDUSTRY PORTAL

Resources are Limited. Creativity is Unlimited.
  • Home Announcements News အမှတ်(၂၃)အကြီးစားစက်ရုံ(ညောင်ခြေထောက်) နှင့် အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) တို့တ...

အမှတ်(၂၃)အကြီးစားစက်ရုံ(ညောင်ခြေထောက်) နှင့် အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) တို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)


Mon 21-11-2016 No.2 Heavy Industrial Enterprise Subsidiary Factories

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၃)အကြီးစားစက်ရုံ(ညောင်ခြေထောက်) နှင့် 
အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) တို့တွင်၊ 
အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်

စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ခြင်း 
(Expression of Interest)

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၃) အကြီးစား စက်ရုံ (ညောင်ခြေထောက်) ရှိ အောက်ဖော်ပြပါ ထုတ်လုပ်မှုအလုပ်ရုံများနှင့် အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ)တို့အား စိတ်ပါဝင်စားသူ ပြည်တွင်း / ပြည်ပပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်အစီအစဉ် ရှိပါသည် -
    (၁) အမှတ်(၂၃)အကြီးစားစက်ရုံ(ညောင်ခြေထောက်)
        (က) PVC Wire ကြိုးထုတ်လုပ်မှုအလုပ်ရုံနှင့် ဆက်စပ်အလုပ်ရုံများ
        (ခ) Transformer ထုတ်လုပ်မှုအလုပ်ရုံ 
        (ဂ) Machine Tools ထုတ်လုပ်မှုအလုပ်ရုံများ
    (၂) အမှတ်(၂၆)အကြီးစားစက်ရုံ (သာဂရ)
        (က) Turbine, Generator နှင့် ဆက်စပ်အလုပ်ရုံများ

၂။    စိတ်ဝင်စားသောကုမ္ပဏီများမှာအထက်ပါအလုပ်ရုံများအားလုံး(သို့) ကြိုက်နှစ်သက်ရာ အလုပ်ရုံများအား ရွေးချယ် တင်သွင်းနိုင်ပါသည်။ 

၃။    ပထမအဆင့်အနေဖြင့် စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာ Expression  of Interest (EOI) ကို စက်မှုဝန်ကြီးဌာန အမှတ်(၂) အကြီးစားစက်မှု လုပ်ငန်း၊ ထုတ်လုပ်ရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော် ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သို့ လိပ်မူလျှက် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ  ၂၁ ရက် ညနေ ၃ နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာ (EOI) ပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို ကုမ္ပဏီ ဆိုင်ရာ အထောက်အထားများပြသ၍ အထက်ပါ လိပ်စာတွင် ၂၅-၁၁-၂၀၁၆ နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။

    တင်ပြရမည့် ကုမ္ပဏီဆိုင်ရာအထောက်အထားများ 
    (က) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
    (ခ) ကုမ္ပဏီ သင်းဖွဲ့မှတ်တမ်း/ စည်းမျဉ်း
    (ဂ) နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ 
    အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း ၀၆၇- ၄၀၈၁၈၃၊ ၄၀၈၂၀၄


Top