စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ)အတွက်
Expression of Interest (EoI) ဖိတ်ခေါ်ခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ) (ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်ယန္တရားများ/ မော်တော်ယာဉ်များထုတ်လုပ်ရန်) စက်ရုံနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားသည့်ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများကိုဖိတ်ခေါ်ပါသည်။
၂။ အဆိုပြုလွှာပုံစံ၊ လမ်းညွှန်ချက်များနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာအထောက်အထားများ ယူဆောင်ပြသလျက် အောက်ဖော်ပြပါအတိုင်း လာရောက်ထုတ်ယူနိုင်ပါသည်-
အဆိုပြုလွှာ ထုတ်ပေးမည့်ရက် - (၂၁.၁၁.၂၀၁၇) ရက်နေ့
အဆိုပြုလွှာ နောက်ဆုံးပေးပို့ရမည့်ရက် - (၁၉.၁၂.၂၀၁၇) ရက်နေ့၊ ၁၆:၀၀ နာရီ
အဆိုပြုလွှာ ထုတ်ပေး/ ပေးပို့ရမည့်ဌာန - စီမံရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၀၅၁၅၉၊ ၀၆၇-၄၀၅၃၂၂