THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)တွင် ငှားရမ်း/အကျိုးတူပူးပေါင်းဆောင်ရွက်နို...

အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)တွင် ငှားရမ်း/အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)


Thu 11-04-2019 Directorate of Industrial Collaboration

စက်မှုဝန်ကြီးဌာန၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)တွင် 
ငှားရမ်း/အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

၁။     စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ) သင်တန်းကျောင်းပိုင်မြေ  (၁၂၀' x ၂၁၀') ပခုက္ကူ-မြိုင် ကားလမ်းမကြီးဘေး၊ ချောက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမည်-မကျီးသမျှားမြောက်၊ ကွင်းအမှတ် (၃၅၅) ၊ ဦးပိုင်အမှတ် (၆၁/၆)တွင် “မော်တော်ယာဉ်ပြုပြင်ခြင်းနှင့် သင်ကြားရေး လက်တွေ့ လုပ်ငန်းလုပ်ကိုင်ရန်” စိတ်ပါဝင်စားသူ ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ငှားရမ်း/အကျိုးတူ ပူးပေါင်းဆောင် ရွက်သွားရန် အစီအစဉ်ရှိပါသည်။  
၂။     ပထမအဆင့်အနေဖြင့် စိတ်ပါဝင်စားသည့်ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest(EOI) ကို စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၊ သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊ ရုံးအမှတ်( ၃၀ )၊ နေပြည်တော်သို့ လိပ်မူလျက် ၂၀၁၉ ခုနှစ် မေလ  ၃ ရက်နေ့၊ ၁၆:၀၀ နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရပါမည်။ စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ( EOI ) ပုံစံနှင့် အခြား သက်ဆိုင်ရာ စာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာအထောက်အထားများပြသ၍ အထက်ပါလိပ်စာတွင် ၁၈-၄-၂၀၁၉ ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
တင်ပြရမည့် ကုမ္ပဏီဆိုင်ရာအထောက်အထားများ
      (က) သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ်
      ( ခ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/စည်းမျဉ်း
      (အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း၀၆၇-၃၄၀၅၀၅၁၊၀၆၇-၃၄၀၅၂၃၄)


Top