THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


Photo Gallery

  • highlight header image

    Road Barrier များ

    Thu 01-2019

     စက်မှုဝန်ကြီးဌာနနှင့် Popular Plastic International Group တို့ အကျိုးတူပူးပေါင်း၍ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)မှ Road Barrier များကို ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် အရောင်အမျိုးမျိုးတို့ဖြင့် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားပါသည်။ ယင်းစက်ရုံမှထုတ်လုပ်သော စက်မှု Logo အမှတ်တံဆိပ်ပါ Road Barrier များသည် အရည်အသွေးပြည့်မီသော LLDPE (Linear Low Density Polyethylene) ကုန်ကြမ်း၊ UV 20 Grade ကုန်ကြမ်းအမျိုးအစားများကို အသုံးပြု၍ ခေတ်မီ Roto Moulding စက်များဖြင့် ထုတ်လုပ်ထားခြင်းကြောင့် ရာသီဥတုနေရာဒေသမရွေး သက်တမ်းနှစ်(၂၀)ခန့်အထိ အသုံးပြုနိုင်ပါသည်။အသုံးပြုလိုသည့် လိုအပ်ချက်ပေါ်မူတည်၍ ရေဖြည့်၍သော်လည်းကောင်း၊ သဲဖြည့်၍သော်လည်းကောင်း လွယ်ကူစွာ ရွေ့ပြောင်းသယ်ယူအသုံးပြုနိုင်ပါသည်။

         ဆက်သွယ်မှာယူလိုပါက နေပြည်တော်အတွက် အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)မှ တိုက်ရိုက်ပေးပို့မည်ဖြစ်ပြီး ကျန်ဒေသများအတွက် မန္တလေးရှိ သယ်ယူပို့ဆောင်ရေးဂိတ်များသို့ အရောက်ပေးပို့သွားမည်ဖြစ်ပါသည်။
    ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ ဝ၆၇-၄၀၈၂၀၃/ ၄၀၈၃၃၅/ ၄၀၈၁၅၇/ ၄၀၈၃၅၆
    ဝ၉-၂၅၄၁၄၉၅၅၈
    E-mail – hie3mkt@gmail.com, mpcipl@gmail.com, popularplastic1985@gmail.com


Top