THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


Video Gallery

  • highlight header image

    လူနာတင်ယာဉ်(Ambulance) များ ထုတ်လုပ်နိုင်ရေး ဆရာဝန်ကြီးများ၏ အကြံဉာဏ်ရယူထုတ်လုပ်

    Tue 08-2017

        စက်မှုဝန်ကြီးဌာနအနေဖြင့် ဈေးနှုန်းချိုသာ၍ လက်တွေ့ အသုံးဝင်သော လူနာတင်ယာဉ် (Ambulance) များကို စက်ရုံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများအတွက် ထုတ်လုပ်ပေးနိုင်ရန် လူနာတင်ယာဉ် တစ်စီးကို ရှေ့ပြေးစမ်းသပ် တပ်ဆင်ထုတ်လုပ်ခဲ့ပြီး နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင် ၁၀ဝ၀)မှ ဆရာဝန်ကြီးများအား ပြသ၍ အကြံပြုချက်များ ရယူခြင်း၊ ဆေးရုံကြီးအရေးပေါ်လူနာဌာနတွင် လက်ရှိ အသုံးပြုနေသော လူနာတင်ယာဉ် (Ambulance) များနှင့် နှိုင်းယှဉ်လေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။

        အဆိုပါအကြံပြုချက်များ၊ နှိုင်းယှဉ်လေ့လာတွေ့ရှိချက်များအပေါ် အခြေခံ၍ လိုအပ်သည်များပြုပြင်ခဲ့ပြီး၊ ယင်းပြုပြင်ပြီးစီးခဲ့သည့် လူနာတင်ယာဉ် (Ambulance) တစ်စီးကို ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ်က နေပြည်တော် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများထံ ပြန်လည်ပြသ၍ နောက်ဆုံးအဆင့်အဖြစ် အချောသပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပြီး ဖြစ်သည်။

         စက်မှုဝန်ကြီးဌာနအနေဖြင့် ဆရာဝန်ကြီးများ၏ အကြံပြုချက်များအတိုင်း ဆောင်ရွက်ပြီးဖြစ်၍ မကြာမီကာလအတွင်း ဈေးနှုန်း ချိုသာ၍ လက်တွေ့အသုံးဝင်သော လူနာတင်ယာဉ် (Ambulance) များကို ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ထုတ်လုပ်ပေးနိုင်တော့မည် ဖြစ်သည်။


Top