News

နေပြည်တော်၊ ဒီဇင်ဘာ (၄) 
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးဖြစ်သူ H. E. Mr. Ronen Gilor ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် (၀၉:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

By: 

နေပြည်တော်၊ နိုဝင်ဘာ (၂၇)

       စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးဖြစ်သူ H. E. Mr. HONG Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၂၇.၁၁.၂၀၁၈) နေ့ (၁၀း၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ နိုဝင်ဘာ (၁၉)
      ကျောက်ဆည်စက်မှုနယ်မြေရှိ အမှတ်(၃၆)အကြီးစားစက်ရုံတွင် ကျင်းပပြုလုပ်သည့် မှန်ရည်ကျိုမီးဖိုဖွင့်ပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးသန်းနှင့် International Glass Co., Ltd. မှ မန်းနေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

By: 

နေပြည်တော်၊ နိုဝင်ဘာ (၁၄)
     စက်မှုဝန်ကြီးဌာန တေရသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
ရန်​ကုန်​ ၊ နိုဝင်​ဘာ(၁၂)
     စက်​မှုဝန်​ကြီးဌာန၊ စက်​မှုကြီးကြပ်​​ရေးနှင့် စစ်​​ဆေး​ရေးဦးစီးဌာနသည်​ UNIDO အဖွဲ့အစည်း၊ OECD အဖွဲ့အစည်းတို့နှင့်ပူး​ပေါင်း၍ မြန်​မာ အမျိုးသမီးများအတွက်​ စီးပွား​ရေးဆိုင်ရာ​ စွမ်း​ဆောင်​မှု မြှင်​တင်​​ပေးရန်​ရည်​ရွယ်​၍ "Strengthening Women's Entrepreneurship in ASEAN" National Capacity Building Workshop ကို (၁၂.၁၁.၂၀၁၈) ရက်​ (တနင်္လာ​နေ့)တွင်​ အမှတ်​ (၃၅)၊ ကျိုက်​ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်​၊ ရန်​ကုန်​မြို့၌ ကျင်းပပြုလုပ်​ခဲ့ပါသည်​။

By: 

နေပြည်တော်၊ နိုဝင်ဘာ (၁၀)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် နိုဝင်ဘာလ (၁၀) ရက်နေ့နံနက်ပိုင်းတွင် ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်နေသော ရမည်းသင်းဆပ်ပြာ စက်ရုံခွဲသို့ ရောက်ရှိလာပြီး စက်များ၏ ကြံ့ခိုင်မှုအခြေအနေ၊ ဈေးကွက်ရရှိနိုင်မှုနှင့် ယှဉ်ပြိုင်ရောင်းချနိုင်မှုအခြေအနေ၊ ဈေးကွက်လိုအပ်ချက်အရ ခေတ်မီဆပ်ပြာအမျိုးမျိုး ဆန်းသစ်တီထွင် ထုတ်လုပ်နိုင်ရေးအခြေအနေ၊ လက်ရှိထုတ်လုပ်နိုင်မှုအခြေအနေအရ စက်ရုံကို လိုအပ်သလို အဆင့်မြှင်တင်နိုင်ရေးအခြေအနေတို့ကို အသေးစိတ်ဆွေးနွေး မှာကြားသည်။
     ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ၏ (၆) ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ( the 6th ACCMSME Meeting and Related Meetings) ၏ တတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက် ၊ ဗုဒ္ဗဟူးနေ့၊ နံနက် (၈:၃၀) နာရီတွင် နေပြည်တော်ရှိ၊ Park Royal Hotel ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

By: 

     ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ (၆)ကြိမ်မြောက်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (the 6th ACCMSME Meeting and Related Meetings) ၏ ဂုဏ်ပြုညစာစားပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်၊ တနင်္လာနေ့ ည(၇:ဝ၀)နာရီ အချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

By: 

     ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိကျင်းပပြုလုပ်မည့် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ (၆) ကြိမ်မြောက်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ( the 6th ACCMSME Meeting and Related Meetings) ၏ ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် ၊ အင်္ဂါနေ့၊ နံနက် (၈:၃၀) နာရီတွင် နေပြည်တော်ရှိ၊ Park Royal Hotel ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။

By: 

Pages