News

ရန်ကုန်၊ စက်တင်ဘာ ၁၆
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းတွင် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေး ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

  ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုကြီးကြပ်ရေးအဖွဲ့အစည်းအဝေး (၂/၂၀၁၈) ကို  (၅-၉-၂၀၁၈)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၌ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်နှင့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

By: 

     စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းနှင့် ဂျပန်နိုင်ငံ Tsuyatomo Co., Ltd. တို့သည် မြန်မာနိုင်ငံ၏ အထည်အလိပ်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ ဂျပန်နိုင်ငံ၏ စီးပွားရေးစီမံခန့်ခွဲမှုနည်းလမ်းများ ဖြန့်ဝေခြင်းဆိုင်ရာသင်တန်းကို စက်တင်ဘာလ ၆ ရက်နေ့တွင် အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)၌ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်သည်။

By: 

မြစ်ကြီးနား၊ သြဂုတ် (၂၀)
      ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ကျေးလက်နေပြည်သူများ လျှပ်စစ်နှင့်ပတ်သက်သည့် ဗဟုသုတ၊ အသိပညာများကို သိရှိနားလည်လာစေရန်၊ မျိုးဆက်သစ်လျှပ်စစ်ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် စက်မှုဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ပေးသည့် ကျေးလက်ဒေသအခြေခံ လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း (၁/၂၀၁၈) ဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက် အမှာစကားပြောကြားကြသည်။
ရန်ကုန် သြဂုတ် ၁၂
      စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးခန်းတွင် ကျင်းပသော Supreme Group မှ ဆွစ်ဇာလန် နိုင်ငံထုတ် တန်ဘိုး သုံးဆယ့်ရှစ်သိန်းငါးသောင်း တန်ဘိုးရှိ ရွှေချိန်စက် (Gold Balance & Printer) အား ရွှေတိဂုံစေတီတော်ကြီး၊ ဂေါပကအဖွဲ့သို့ လှူဒါန်းပွဲအား တက်ရောက်သည်။
     အလိုအလျောက် ပြင်ပနှလုံးနိုးဆွစက် (Automatic External Defibrillator -AED) အသုံးပြု၍ Heart Attack လူနာများအား အရေးအပေါ်ကုသခြင်းနည်းလမ်း ရှင်းလင်းသရုပ်ပြပွဲကို ဇွန်လ (၂၀)ရက်နေ့ နေ့လည်(၁)နာရီတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
 

Pages