News

နေပြည်တော် ဇန်နဝါရီ ၂၄
    စက်မှုဝန်ကြီးဌာန အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းကြီးကြပ်မှု အောက်ရှိ အမှတ်(၄) အထည်စက်ရုံ (ပွင့်ဖြူ)မှ မူလ Rapier Loom ရက်ကန်းစက်များသည် အနံ ၄၈လက်မပိတ်များသာ ထုတ်လုပ်နိုင်စွမ်းရှိပြီး ယင်းပိတ်များအား လက်ရှိအထည်ချုပ်ရုံများ၌ အသုံးပြုရာတွင် အလေအလွင့်များသောကြောင့် အနံကြီးပိတ်စများ ထုတ်လုပ်နိုင်သည့် ရက်ကန်းစက်အဖြစ် တီထွင်ထုတ်လုပ်ရန် စက်မှုဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ခဲ့သည်။

By: 

နေပြည်တော် ဇန်နဝါရီ ၉
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့သည် ဇန်နဝါရီ ၇ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး စက်ရုံတည်ဆောက်ထားရှိမှု၊ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိမှု၊ စက်ရုံလည်ပတ်နေမှု၊ ကုန်ချောထွက်ရှိမှု၊ ဆက်လက်တည်ဆောက်မည့် စက်ပစ္စည်း အစိတ်အပိုင်းများနှင့် နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော် ဒီဇင်ဘာ ၁၄
     စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား အီတလီသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ယနေ့ညနေ ၃ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။

By: 

ရန်ကုန် နိုဝင်ဘာ ၂၈
    မြန်မာနိုင်ငံ၏ မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုဆိုင်ရာ နည်းပညာနှင့် အထောက်အကူပြု ပစ္စည်းများ အကူအညီပေးမှု အခြေအနေအား ဆွေးနွေးရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်University of Adelaide တို့၏ ဖိတ်ကြားမှုအရ မြန်မာ့ဆေးဝါးလုပ်ငန်းမှ တာဝန်ရှိ သူများနှင့်အတူ နိုဝင်ဘာ ၂၁ ရက် မှ ၂၆ ရက်အထိ သွားရောက်ခဲ့သည်။

Pages