News

     စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော လုပ်ငန်းရှင်ကုမ္ပဏီများ သည် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာလာသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် စုစုပေါင်းကျပ်(၁၂,၅၀၀,၀၀၀) တန်ဘိုးရှိသော စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် အဝတ်အထည်(၁၀)မျိုး၊ မိသားစုသုံးပစ္စည်း(၃)မျိုးနှင့် ဆေးဝါး(၅)မျိုးစီပါဝင်သော Family Kit အထုပ် (၅၀၀)ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီမှတဆင့် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည်။

နေပြည်တော် အောက်တိုဘာ (၁၃)
     အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)၏ စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း၊ အမှတ် စဉ်(၉)သင်တန်းဆင်းပွဲအခမ်းအနားကို (၁၃-၁၀-၂၀၁၇) ရက်နေ့၊ နံနက်(၉:၀ဝ)နာရီ အချိန်တွင် သင်တန်းကျောင်း၏ သုံးထပ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် နှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်တို့က သင်တန်းဆင်းမိန့်ခွန်းများ မြွက်ကြားပေးခဲ့ပါသည်။

By: 

နေပြည်တော်၊ အောက်တိုဘာ (၈)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၆.၁၀.၂၀၁၇ ရက် နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်စက်မှုနယ်မြေရှိ စက်မှုဝန်ကြီးဌာနမှ Myanmar Conch Co,. Ltd. သို့ငှားရမ်းထားသည့် အမှတ် (၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်ဘိလပ်မြေစက်ရုံ) သို့ရောက်ရှိပြီး ဘိလပ်မြေထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် လျှပ်စစ်ထုတ်လုပ်ရေးဌာနတို့တွင် စွန့်ပစ်အပူဖြင့် လျှပ်စစ်ထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လုပ်ငန်း လိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

စက်တင်ဘာ ၂၂ ရက်
    ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ကိုရီးယားသမ္မတနိုင်ငံ KDE&C ကုမဏီက စက်မူဝန်ကြီးဌာနမှတစ်ဆင့် အိမ်သုံးဆိုလာ မီးထွန်းစနစ် အစုံ ၁၅၀ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၂.၈.၂၀၁၇ ရက်နေ့တွင် Hemaraj Eastern Seaboard Industrial Estate ရှိ Waste Management Siam Ltd. (WMS)မှ ဆောင်ရွက်လျက်ရှိသည့် စက်မှုလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းများအား စနစ်တကျ ထိန်းချုပ်စွန့်ပစ်မှုဆောင်ရွက်နေမှုများကို လည်းကောင်း၊ စက်မှုဇုန်အတွင်းရှိရေးဆိုး သန့်စင်မှုစနစ် များကိုလည်းကောင်း၊ Samrongnua District ရှိ Recycle Engineering Co., Ltd.

By: 

 စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်အဖွဲ့သည် စက်ရုံများအား လေ့လာကြည့်ရှုရန်နှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးရန် ထိုင်းနိုင်ငံ၊ စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Uttama Savanayana Ph.D. ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ၁၉.၈.၂၀၁၇ ရက်နေ့မှ ၂၃.၈.၂၀၁၇ ရက်နေ့အထိ သွားရောက် လေ့လာတွေ့ဆုံမှုများ ဆောင်ရွက်ခဲ့ပါသည်။

By: 

နေပြည်တော်၊ ဩဂုတ် ၁၆
 
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် အင်္ဂလန်နိုင်ငံ အခြေစိုက် Berwin Leighton Paisner (BLP) ဥပဒေအကြံပေးအဖွဲ့နှင့် ယနေ့ နေ့လည် ၁ နာရီခွဲတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

By: 

နေပြည်တော်၊ ဩဂုတ် (၆)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ် (၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး စက်ရုံအတွက် သံမဏိကုန်ကြမ်း (Steel Scrap)များ စုဆောင်းရရှိမှုနှင့် ထပ်မံရရှိနိုင်မှု အခြေအနေ၊ ကုန်ကြမ်းတင်ပို့မည့် မီးရထားလမ်း အခြေအနေ၊ ကတ္တားများ မှန်ကန်တိကျမှုအခြေအနေတို့ကို စစ်ဆေး၍ စည်းကမ်းဥပဒေနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

Pages