News

နေပြည်တော်၊ ဖေဖော်ဝါရီ (၈)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် (၈.၂.၂၀၁၈) ရက် နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)တွင် ကျင်းပပြုလုပ်သည့် Great Myanmar Co., Ltd. မှ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် တည်ဆောက်တပ်ဆင်ရန်အတွက် သီးနှံ (စပါး) သိုလှောင် Silo ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
နေပြည်တော်၊ ‌၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ( ၁ )
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Vanessa Chan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (ဝ၉: ၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

နေပြည်တော် ဇန်နဝါရီ ၁၅
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် POSCO Daewoo Myanmar Corporation Ltd. ၏ Managing Director ဖြစ်သူ Mr. Won Yoo-Joon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲနှင့် TTCL Public Co., Ltd. ၏ President ဖြစ်သူ Mr. Hironobu Iriya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့၊ (ဝ၉:ဝ၀)နာရီနှင့် (၁၁:ဝ၀)နာရီတို့တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။

နေပြည်တော် ဇန်နဝါရီ ၁၅
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် JICA Myanmar Office မှ Chief Representative ဖြစ်သူ Mr. Masayuki KARASAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (ဝ၉:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရှိ ဝါကြိတ်စက်ရုံ သို့ရောက်ရှိပြီး Ko Ko Myint International Trading Co., Ltd.

နေပြည်တော်၊ ဒီဇင်ဘာ (၂၈)

     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် စက်မှုဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

By: 

နေပြည်တော်၊ ဒီဇင်ဘာ (၁၉)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့သည် (၁၈.၁၂.၂၀၁၇) ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ) သို့ရောက်ရှိပြီး Assembly Shop တွင် လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

Pages