News

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Ambulance (လူနာတင်မော်တော်ယာဉ်) တင်ဒါခေါ်ယူရာတွင် ဈေးနှုန်းအနည်းဆုံးဖြစ်သည့် ကျပ်(၇၄၀)သိန်းဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ တင်ဒါအောင်မြင်ခဲ့ပါသည်။
     အိန္ဒိယသမ္မတနိုင်ငံအကူအညီဖြင့်ဆောင်ရွက်မည့် “စက်မှုသင်တန်းကျောင်း (မုံရွာ)၊ စက်မှုသင်တန်းကျောင်း (သထုံ) နှင့် အမှတ် (၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ) (၅) နှစ်ဘက်စုံပြုပြင်ထိန်းသိမ်းရေး” စီမံကိန်းတို့ ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာများ (MoUs) နှင့် အပြန်အလှန်သဘောတူညီချက်များ (Exchange of Letters) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၁၁.၅.၂၀၁၈) ရက်နေ့ (သောကြာနေ့) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E Smt.

      ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုကြီးကြပ်ရေးအဖွဲ့မှ "ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရန်ညွှန်ကြားချက်" အမှတ် ၁/၂၀၁၈ နှင့် "အရက်၊ ဘီယာနှင့်ဝိုင် ထုတ်လုပ်သည့်စက်ရုံများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်" အမှတ် ၂/၂၀၁၈ ကို ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပါသည်။ ထုတ်ပြန်ကြေငြာချက် အပြည့်အစုံကို အောက်ဖော်ပြပါ Link  တွင် Download ရယူကြည့်ရှုနိုင်ပါသည်။

By: 

နေပြည်တော်၊ ဧပြီ (၁၂)
      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ရေတာရှည်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်တို့သည် (၁၂.၄.၂၀၁၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၅)အကြီးစားစက်ရုံသို့ရောက်ရှိပြီး သီးနှံ(စပါး) သိုလှောင်နိုင်မည့် တန်(၅၀ဝ)ဆံ့ Silo အစိတ်အပိုင်းများ ထုတ်လုပ်ပြီးစီးနေမှုအခြေအနေနှင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် စီစဉ် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ဧပြီ (၆)
     စက်မှုဝန်ကြီးဌာနသည် အစိုးရသစ်၏(၂)နှစ်တာကာလအတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် ထုတ်ကုန်ပစ္စည်းအရည်အသွေးများ ပိုမိုကောင်မွန်စေရေး၊ ဈေးကွက်ဝင်ပစ္စည်းများ တိုးချဲ့ထုတ်လုပ်ရေး၊ သုတေသနနှင့်ဆန်းသစ် တီထွင်မှုများပြုလုပ်ပြီး ထုတ်ကုန်အမယ်သစ်အမျိုးမျိုးကို တီထွင်ထုတ်လုပ်လျက်ရှိပါသည်။
နေပြည်တော်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ  ၂၇
   စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် UNIDO Myanmar Regional Office ၏ Director and Representative ဖြစ်သူ Mr. Stein R. Hansen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ (၁၄:ဝ၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄
   စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် CNH Industrial Services Ltd. ၏ Business Director (Agriculture) ဖြစ်သူ Mr. Mustak Emre Karazli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဟန်ဂေရီနိုင်ငံ၊ Csepel Holdings Plc. ၏ Board of Director တစ်ဦးဖြစ်သူ Mr. R. Kalaichelvan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အား ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ (ဝ၉:ဝ၀) နာရီနှင့် (၁၃:ဝ၀) နာရီတို့တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။

Pages