News

     ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ (၆) ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ( the 6th ACCMSME Meeting and Related Meetings) ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ ၊ တနင်္လာနေ့၊ နံနက် (၈:၃၀) နာရီတွင် နေပြည်တော်ရှိ၊ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

By: 

၂.၁၁.၂၀၁၈
     စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ The Organisation for Economic Co-operation and Development (OECD) နှင့် East Asia (ERIA) တို့ ပူးပေါင်း၍ Myanmar National Dissemination Seminar of the ASEAN SME Policy Index 2018 ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ သောကြာနေ့တွင် နေပြည်တော်ရှိ၊ M-Gallery Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

By: 

နေပြည်တော်၊ အောက်တိုဘာ (၁၅)
     စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် Grand Amara Hotel တွင် ဩစတြေးလျနိုင်ငံ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သော Myanmar Snakebite Project အောင်မြင်စွာပြီးစီးခြင်းနှင့် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

By: 

     စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ FNF အဖွဲ့အစည်းတို့ပူးပေါင်းပြီး ကလေးခရိုင်အတွင်းရှိ SME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ Idea Platform for Innovation and Strategy Development Training သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ သိမ့် ဟိုတယ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၄ ရက်ကြာ ကျင်းပပြုလုပ် ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ ယခုဖွင့်လှစ်လျက်ရှိသည့် သင်တန်းတွင် New Link Marketing Limited မှ Head of Department (Training & Development

By: 

     စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းပိုင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မြေဧက ၁ ဒသမ ၄၈ ဧက ပေါ်တွင် B.O.T စနစ်ဖြင့် ၁၂ ထပ် အမြင့်ရှိ Service Apartment ဆောက်လုပ်ရန် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါး လုပ်ငန်းနှင့် NSKRE RESIDENCE (MYANMAR) Co.,Ltd တို့ကြား မြေငှားရမ်းခြင်းသဘောတူ စာချုပ်လက်မှတ်ရေးထိုးခြင်းကို ၆.၁၀.၂၀၁၈ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၊ မင်းတုန်းခန်းမတွင် ပြုလုပ်သည်။

နေပြည်တော်၊ စက်တင်ဘာ (၂၃)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လှုမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးH. E. Dr. LUAN THUY DUONG တို့သည် စက်တင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရ စက်မှုနယ်မြေရှိ နည်းပညာသုတေသနဌာန၌ ကျင်းပပြုလုပ်သည့် ရေဘေးသင့် ပြည်သူများနှင့် ဝန်ထမ်း များအား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်သည်။

Pages