Industry News

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား Japan-Myanmar Association နှင့် TUYATOMO Co.,Ltd မှ ကိုယ်စားလှယ်အဖွဲ့များ လာရောက်တွေ့ဆုံ

    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား Japan-Myanmar Association မှ Secretary General Mr.Yusuke Watanabe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(ဝ၉:ဝ၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ လာရောက်တွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ SMEs လုပ်ငန်းများနှင့် ဂျပန်နိုင်ငံရှိ SMEs လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် Japan- Myanmar Association တို့ ပူးပေါင်း၍ 3 rd Myanmar-Japan SMEs Business Matching ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
  

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားနိုင်ငံရှိ POSCO Steel Co.,Ltd နှင့် Policy Research Institute(PRI), Japan တို့မှ ကိုယ်စားလှယ်အဖွဲ့များ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဧပြီ (၂၃)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားနိုင်ငံရှိ POSCO Steel Co.,Ltd ၏ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ Mr.Lee Wonsub ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(၁၂:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် POSCO Steel Co.,Ltd မှ ကျွမ်းကျင်ပညာရှင်များ အနေဖြင့် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တို့ သို့ ၂၀၁၅ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့တို့တွင် သွားရောက်လေ့လာပြီး အနာဂတ် Steel Industry ကဏ္ဍ၌ စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင် ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
 

ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား မှတ်ပုံတင်ဆောင်ရွက်မှုအခြေအနေ သတင်းထုတ်ပြန်ချက်

စက်မှုဝန်ကြီးဌာန

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်

Pages