Burmese

Industry News

မြွေဆိပ်ဖြေဆေး စက်ရုံသစ်နှင့် ဆေးဝါးနှင့် ကုန်ကြမ်းများကို သိုလှောင်နိုင် သည့် Warehouse ရက် ၁၀၀ စီမံချက်တွင် ဖွင့်လှစ်သွားမည်

စက်မှုဝန်ကြီးဌာန ဆေးဝါးစက်ရုံ (အင်းစိန်) မှ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ် (GMP) နှင့်အညီ တည်ဆောက်ထား သည့် မြွေဆိပ်ဖြေဆေး စက်ရုံသစ်နှင့် WHO က ချမှတ်ထားသည့် ကောင်း မွန်သော သိုလှောင်မှု ကျင့်စဉ် (GSP Guide Line) နှင့်အညီ ဆေးဝါးနှင့် ကုန်ကြမ်းများကို သိုလှောင်နိုင်သည့် Ware House အသစ်ကို ရက် ၁၀၀ စီမံချက်တွင် ဖွင့်လှစ်သွားမည့်အပြင် ဆေးဝါးထုပ်ပိုးမှု ပုံစံကိုလည်း နိုင်ငံ တကာ အဆင့်မီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါစက်ရုံမှ သိရသည်။

စက်မှုဝန်ကြီးဌာန၏ အမှတ်တံဆိပ် Logo အသစ်

စက်မှုဝန်ကြီးဌာန၏ ရက်ပေါင်း(၁၀၀)အတွင်း အကောင်အထည်ဖော်မည့်လုပ်ငန်းများအား ကဏ္ဍကြီး(၆)ရပ်ဖြင့်ဆောင်ရွက်သွားမည်။

စက်မှုဝန်ကြီးဌာန၏ ရက်ပေါင်း(၁၀၀)အတွင်းအကောင်အထည်ဖော်မည့်လုပ်ငန်းများအား ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ စက်မှုလုပ်ငန်းများနှင့်ပူးပေါင်းကာ အောက်ဖော်ပြပါ ကဏ္ဍကြီး(၆)ရပ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
    (၁) ပြည်သူ့အကျိုးပြုစက်ရုံအလုပ်ရုံများဖွင့်လှစ်ခြင်း
    (၂) စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း
    (၃) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း
    (၄) အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ဆောင်ရွက်ပေးခြင်း
    (၅) စွမ်းအင်ချွေတာရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ခြင်း
    (၆) ဆောင်ရွက်ဆဲစက်ရုံစီမံကိန်းများရှိ အလုပ်ရုံများအလိုက်အပြီးသတ် ဆောင်ရွက်ခြင်း 
  

စက်မှုဝန်ကြီးဌာန၏ ရက်ပေါင်း(၁၀၀)ကာလအတွင်း မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာ နည်းပြများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံတွင် ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးတင်သွင်းခွင့်မူဝါဒနှင့်အတူ မော်ဒယ်မြင့် မော်တော်ယာဉ်များ အမြောက်အများအစားထိုးတင်သွင်းခဲ့ကြရာ ရာခိုင်နှုန်းအများစုမှာ တစ်ပတ်ရစ်မော်တော်ယာဉ်များဖြစ်သဖြင့် ကာလအနည်းငယ်အတွင်း ပြုပြင်ထိန်းသိမ်းရန် လိုအပ် လာသကဲ့သို့ မော်ဒယ်မြင့်မော်တော်ယာဉ်များကို ပြုပြင်ထိန်းသိမ်းပေးနိုင်မည့် ကျွမ်းကျင်လုပ်သား လိုအပ်ချက်များဖြစ်ပေါ်လာပါသည်။

မြန်မာနိုင်ငံက စွမ်းအင်သုံးစွဲမှုပမာဏကို သတ်မှတ်နှစ်အလိုက် လျှော့ချဆောင်ရွက်သွားမည်

နေပြည်တော် မေ  ၂
အာဆီယံဒေသတွင်း စွမ်းအင်သုံးစွဲမှုကိုအခြေခံ၍ ၂၀၂၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းလျှော့ချသွားရန် ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ၂၀၁၆ ခုနှစ် အာဆီယံ စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာဆုများ သတ်မှတ်ရေးအတွက် ဆုရွေးချယ်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက်အစည်းအဝေးတွင် ပြောကြားသည်။

ဒေသတွင်း စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ပင်မစီမံကိန်းရေးဆွဲချမှတ် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော်  ဧပြီ ၂၅
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မလေးရှားနိုင်ငံ၊ United Business Media (UBM) မှ Co-Chairman   General Tan Sri Dato’SeriPanglimaMohdAzumi ဦးဆောင်သော အဖွဲ့သည် ယနေ့ မွန်းတည့် (၁၂) နာရီတွင်လည်းကောင်း၊ ဂျပန်နိုင်ငံ၊ SUZUKI (Myanmar) Co., Ltd. မှ Managing Director Mr. Takayuki SUGIYAMA ဦးဆောင်သောအဖွဲ့မှ မွန်းလွဲ(၁) နာရီတွင်လည်းကောင်း  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။

ဒိန်းမတ်နိုင်ငံသံအမတ်ကြီးမှ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို လာရောက်တွေ့ဆုံ

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H. E Mr. Peter Lysholt Hansen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၂၂.၄.၂၀၁၆) ရက်နေ့ နံနက် ၉ နာရီ တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံခဲ့သည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်(၁၀၀)အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဧပြီ (၄)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၄)ရက် နေ့တွင် ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်(၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

စက်မှုဝန်ကြီးဌာန၏ ရက်ပေါင်း(၁၀၀)အတွင်း အောင်မြင်ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၆ ခုနှစ် ဧပြီလ(၁) ရက်

စက်မှုဝန်ကြီးဌာနအနေဖြင့် ရက်ပေါင်း(၁၀၀)အတွင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၁.၄.၂၀၁၆ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုမှ ဦးစီး၍ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ စွမ်းအင်သုံးစွဲမှုနှင့် စပ်လျဉ်းသည့် Standard & Labeling System သတ်မှတ်ရေး မူဝါဒဆိုင်ရာ Symposium ကျင်းပ

စက်မှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စွမ်းအင်ခြိုးခြံချွေတာနိုင်သော စွမ်းဆောင်ရည်မြင့်မားသည့် အိမ်သုံး လျှပ်စစ်ပစ္စည်း ပြောင်းလဲသုံးစွဲနိုင်စေရေးရည်ရွယ်၍ Ministry of Economy, Trade and Industry, J

Pages