SME Saturday Talk စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပေးပါရန် ဖိတ်ကြားခြင်း

      စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့် ပူးပေါင်း၍ မြန်မာ SME များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒကောင်းများဖြင့် ပံ့ပိုးရန်လိုအပ်ချက်များနှင့် ပုံမှန်ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေးဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဦးအောင်ကြည်စိုး(အထွေထွေအတွင်းရေးမှူးချုပ်၊ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်)၊ ဦးမင်းဇော်ဦး(ညွှန်ကြားရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)၊ ဦးဝင်းမြင့်(ညွှန်ကြားရေးမှူး၊မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့) နှင့် ဦးမျိုးမင်း(Founder &CEO၊ PS Business School)တို့မှ အောက်ပါအစီအစဉ်အတိုင်းဆွေးနွေးပေးမည်ဖြစ်၍စိတ်ပါဝင်စားသူများအနေဖြင့်တက်ရောက်ပေးပါရန် လေးစားစွာအသိပေး ဖိတ်ကြားအပ်ပါသည်-
ဆွေးနွေးပွဲခေါင်းစဉ် - Regulatory Development to Good Business Environment
ကျင်းပမည့်နေ့ရက်  - (၂၉.၉.၂၀၁၈) ၊စနေနေ့ နေ့လည်(၁) နာရီ မှ (၄) နာရီထိ ။
ကျင်းပမည့်နေရာ    - SME Center၊ အမှတ်(၃၅) ၊ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊
ရန်ကုန်မြို့။
ဖုန်း- ဝ၆၇၃၄၀၈၁၂၈၊ ဝ၉-၇၉၈၄၇၃၂၄၃၊ ဝ၉-၇၉၄၇၃၄၈၃၉သို့ ( ၂၈.၉.၂၀၁၈) သောကြာနေ့ နောက်ဆုံးထား၍
အမည်စာရင်းပေးပို့ပေးပါရန်။