ASEM Eco-Innovation Capacity Building Program ၂၀၁၈ နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသတင်းမှတ်တမ်း

 

      မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများအား သဘာဝပတ်ဝန်းကျင်မထိခိုက်စေသောဆန်းသစ်တီထွင်သောနည်းလမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်၍ စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍ၌ Eco Innovation နည်းလမ်းအသုံးပြု၍ တန်ဖိုးမြှင့်တင်ဆောင်ရွက်ရန် နည်းလမ်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နိုင်မည့် အလားအလာများနှင့် Case Study ၊ Eco Innovation နည်းဗျူဟာ၊ SMEs များ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုနည်းလမ်းများ၊ Onsite Clean Tech အကောင်အထည်ဖော်ရေး Eco-Innovation ဗျူဟာများကို သင်ကြားပို့ချပေးနိုင်ရန် အတွက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နှင့် ASEM Eco-Innovation Center (ASEIC)တို့ ပူးပေါင်း ၍ ASEM Eco-Innovation Capacity Building Program ၂၀၁၈ နှင့် နားလည်မှုစာချွန်လွှာရေးထိုးပွဲကို ၉.၈.၂၀၁၈ ရက်နေ့တွင် MERCURE Yangon Kaba Aye ဟိုတယ်၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။
        အဆိုပါ အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဒေါ်အေးအေးဝင်း နှင့် ASEIC Secretary General Sejong Kim တို့မှအဖွင့်အမှာစကားပြောကြားပြီးနောက် စက်မှုဝန်ကြီးဌာန နှင့် ASEIC အကြားနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။
    ထို့နောက် ECO INNOVATION နည်းလမ်းအသုံးပြု၍ တန်ဖိုးမြှင့်တင်ဆောင်ရွက်ရန်နည်းလမ်းများ၊ SME များ၏ပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံခန့်ခွဲမှုနည်းလမ်းများ၊ ONSITE CLEAN TECH နည်းစနစ်ဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော လုပ်ငန်းစီမံခန့်ခွဲနည်းစနစ်များ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများတွင် Eco Labeling ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သော နည်းစနစ်များ၊ စိုက်ပျိုးရေးအခြေခံသောလုပ်ငန်းများတွင် Eco Innovation နည်းစနစ် ပေါင်းစပ်အသုံးချ၍တန်ဖိုးမြှင့်တင်ဆောင်ရွက်သောနည်းလမ်းများ၊ ကိုရီးယား၏ Environmental Product Declarations ရလဒ်နှင့်လုပ်ငန်းအစီအစဉ်များ၊ ကိုရီးယား၏ Eco Labelling ရလဒ်နှင့်လုပ်ငန်းအစီအစဉ်များ ၊စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ၏အနာဂါတ်အလားအလာများကို Case Studyများဖြင့်လည်းကောင်း ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် စီမံခန့်ခွဲနည်းစနစ်များ၊ လုပ်ငန်းများကို ECO INNOVATION အကောင်အထည်ဖော်ဆောင်ရန် နည်းဗျူဟာချမှတ် အကောင်အထည်ဖော်ရန် နည်းစနစ်များကို ကိုရီးယားနည်းပညာရှင်များဖြစ်သည့် Korea Environmental Industry & Technology Institute မှ Researcher Dr.Lee Joonjae၊ Dr.Cho Seongmoon၊Foundation of Agri,Tech,Commercialization &Transfer မှ Principal Researcher  Jungin Lee၊ Korea Management Registrar မှ Expert Adviser Song Gildo တို့မှ ဆွေးနွေးပို့ချပေးလျက်ရှိပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တာဝန်ရှိပုဂ္ဂိုလ်များ ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ စုစုပေါင်း(၉၀)တက်ရောက်လျက်ရှိပါကြောင်း သိရှိရပါသည်။