အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ (၂/၂၀၁၈) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ

နေပြည်တော် သြဂုတ် ၂

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ (၂/၂၀၁၈) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

    

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် ဦးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

   

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ က အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် Action Plan များရေးဆွဲကာ အဆိုပါ Action Plan များကို Target ထား၍ ဒေသတွင်း MSME များကို ထိထိရောက်ရောက် ပံ့ပိုးပေးရန်လိုပါကြောင်း၊ နိုင်ငံတော်၏စီးပွားရေးတွင် အဓိကကျောရိုးသဖွယ်ဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဈေးကွက်ရရှိရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့် တီထွင်ဆန်းသစ်ရေး စသည့်အချက်များ တိုးတက်အောင်မြင်စေရန် ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။

    

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က အသေးစားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်း များနှင့် ဖြေလျှော့ပေးသင့်သည့်အချက်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက် ပေးနေမှုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းသုံးသပ် မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကျော် က လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးနိုင်၊ ချင်းပြည် နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးကျော်အေးသိန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က အသေးစားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နည်းပညာနှင့် ချေးငွေလိုအပ်ချက်နှင့် ဒေသအလိုက် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခွင့် အလမ်းများ တည်ရှိနေမှုများကို ဆွေးနွေးတင်ပြကြသည်။

  

ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

    

အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် စက်မှုဝန်ကြီးဌာန မြေညီထပ်၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များက လာရောက်ခင်းကျင်း ပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုသည်။

    

အဆိုပါအစည်းအဝေးအပြီး မွန်လွဲ(၂းဝ၀)နာရီတွင် ၄င်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအား ဆက်လက်ကျင်းပရာ ပြည်တွင်း/ပြည်ပသတင်းမီဒီယာများမှမေးမြန်မှုများကို အစည်းဝေးတက်ရောက်လာကြသည့်ဝန်ကြီးချုပ်များနှင့်စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။