SCORE Project Launching နှင့် SCORE Certification Ceremony အခမ်းအနား ပြုလုပ်ကျင်းပခြင်း

     စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ILO ၊ Norweigian Agency for Development Cooperation (NORAD) နှင့် Swiss Secretariat for Economic Affair တို့ ပူးပေါင်းဖွင့်လှစ်သင်ကြားသော Hotel & Tourism ကဏ္ဍ နှင့် Food Processing ကဏ္ဍနှင့်ပတ်သက်သည့် TOT သင်တန်း ပြီးဆုံးခဲ့ကြသည့် SCORE Trainer များအား သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် စီမံကိန်းအကြောင်းရှင်းလင်းတင်ပြခြင်း အခမ်းအနား (SCORE Project Launching & SCORE Certification Ceremony) ကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၏ ဒါဘာခန်းတွင် (၂၀.၆.၂၀၁၈) ရက်နေ့ နံနက် (၉:ဝ၀) နာရီမှ (၁၂:ဝ၀) နာရီထိ ပြုလုပ်ကျင်းပခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ILO မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
  
     ပထမဦးစွာ ILO မှ Chief Technical Advisor Mr. Michel Jamar ၊ ညွှန်ကြားရေး မှူးချုပ်ဒေါ်အေးအေးဝင်း ၊ Technical Officer Mr.Jonathan Bird Kaizen Institute မှ Senior Consultant Mr.Sunil P Malagi တို့မှ SCORE Program နှင့်ပတ်သက်ပြီး အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ILO Chief Technical Advisor Mr. Michel Jamar မှ SCORE Program ပြုလုပ်ရခြင်းမှာ " Hotel & Tourism ကဏ္ဍ နှင့် Food Processing ကဏ္ဍမှ SME လုပ်ငန်းများ၏ ထုတ်ကုန်အရည်အသွေး တိုးတက်ကောင်းမွန်လာစေရန် ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရန်၊ လုပ်ငန်းအောင်မြင်စေရန်အတွက် အလုပ်ရှင်နှင့်အလုပ်သမားတို့ ပူးပေါင်း ဆောင်ရွက်တတ်လာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ Trainer များအနေဖြင့် ယခုကဲ့သို့ သင်တန်းအောင်လက်မှတ်ရရှိရန်အတွက် ခက်ခက်ခဲခဲကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုသော်လည်း သင်တန်းဆင်းလက်မှတ်ရရှိခြင်းသည် SME လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်လာစေရေး အလုပ်စတင်လုပ်ဆောင်ရန်အတွက်သာဖြစ်ကြောင်း "ရှင်းလင်းပြောကြားခဲ့ပါသည်။
     ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှလည်း " မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ တိုးတက်လာရေးအတွက် Certified Trainer တို့၏အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါကြောင်း၊ ယနေ့အခမ်းအနားကိုဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ILO ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ILO, GIZ အစရှိသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ SME လုပ်ငန်းရှင်များအတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့ချိန်ထိ SME လုပ်ငန်းရှင်ဦးရေ (၂၀ဝ၀ဝ) ခန့်အား သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် SCORE Training သင်တန်းကို တက်ရောက် အောင်မြင်ခဲ့ကြသည့် သင်တန်းသားများအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း "ပြောကြားခဲ့ပါသည်။
     ဆက်လက်၍ SCORE Program တွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ဖြိုးဓန လုပ်ငန်းပိုင်ရှင် ဦးသန်းလှိုင်နှင့် ဒေါ်လှတင် စားသောက်ကုန်လုပ်ငန်းပိုင်ရှင် ဦးသန့်ဇင်ထွန်းတို့မှ "SCORE Program တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် မိမိတို့လုပ်ငန်းများအတွက် ထိရောက် အကျိုးရှိမှုများကို "ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် SCORE Trainer သင်တန်းအား တက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသား (၁၈) ဦးတို့အား ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ Mr.Michel Jamar ၊ Kaizen Institute မှ Senior Consultant Mr.Sunil P Malagi တို့မှ သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
  
 
     သင်တန်းဆင်းပွဲအပြီးတွင် တက်ရောက်လာကြသည့် အခြားအဖွဲ့အစည်းများမှ SCORE Project နှင့်ပတ်သတ်သည့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ILO မှ တာဝန်ရှိသူများနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၂:ဝ၀) ချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။