KASIKORNBANK SME Competition 2018 ၊ Digital Marketing for Digital Entrepreneurအစီအစဉ်သို့ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်ကြားခြင်းနှင့် သတင်အချက်အလက်မျှဝေခြင်း

 

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ KASIKORNBANK ၊ UMFCCI ၊ Renaissance Institute နှင့် University of Thai Chamber of Commerce (UTCC) အဖွဲ့အစည်းများ ပူးပေါင်း၍ KASIKORNBANK SME Competition 2018 ၊ Digital Marketing for Digital Entrepreneur အစီအစဉ်အား Launching ပြုလုပ်သည့် အခမ်းအနားကို (၁၁.၆.၂၀၁၈) ရက်နေ့၊ နံနက် (၁၀းဝ၀)တွင် KASIKORNBANK, Yangon Representation Office ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့စက်မှု ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် အောက်ပါအချက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်

"မြန်မာနိုင်ငံတွင် Mobile သုံးစွဲမှုများလာသည့် အခွင့်အရေးပေါ်မူတည်၍ Digital နည်းပညာဖြင့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ Marketing များတွင် အသုံးပြုခြင်းဖြင့် Digital Economy ဖြစ်လာမည်ဖြစ်ကြောင်း၊ Digital Economy ဖြစ်ပါက Information လျှင်မြန်မှုနှင့်အတူ Productivity ဖြစ်ခြင်း၊ Traditional Service မှ Smart Service သို့ ကူးပြောင်းခြင်း၊ Transition Cost များ လျော့ချနိုင်ရန် SME များ၏ Efficiency ကောင်းလာမည်ဖြစ်ကြောင်း၊ ၄င်းအပြင် Awareness လုပ်၍ E-commerce ၏ တိုးတက် ပြောင်းလဲလာမှုကို ပြည်သူအား ရှင်းလင်းခြင်းဖြင့် တပါတည်းတိုးတက်ပြောင်းလဲလာမည် ဖြစ်ကြောင်း၊"

"Digital နည်းပညာကို အသုံးပြု၍ လူငယ်လူရွယ်များ အလုပ်အကိုင်သစ်များ ရရှိလာမည်ဖြစ်ပြီး အခြားလုပ်ငန်းများကိုပါ အထောက်အကူဖြစ်ကြောင်း၊ ကောင်းမွန်သော စီးပွားရေးဝန်းကျင် ကောင်းဖြစ်ရန် အစိုးရဘက်မှလည်း လိုအပ်သောမူဝါဒ၊ Infrastructure နှင့် Facilities များ ထောက်ပံ့ရန်လိုပြီး Digital Platform ကို အသုံးပြုမည့် Creator များ၊ Business Start-Up များ၊ Innovator များ ပေါ်ထွက်ရန်လိုကြောင်း၊ Digital Economy ပြောင်းလဲမှုကာလတွင် ပြည်သူများအတူတကွ လိုက်ပါလာကြရန်လိုကြောင်း၊ တိုးတက်လာသော ငွေပေးချေမှုစနစ်၊ Taxi သုံးစွဲမှု၊ ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်သူများ ပါဝင်လာရန်လိုပြီး တခါတရံပြည်သူက ပြန်လည် Initiate လုပ်သည့် ကိစ္စများလည်း ရှိကြောင်း၊ ယခုလို Business Start-Up များ၊ Innovator များ၊ Creator များကို KBank နှင့် ပူးပေါင်း၍ Motivation ပြုလုပ်ခွင့်ရရှိသဖြင့် အထူးဝမ်းသာကြောင်း၊ KBank မှ ကောင်းမွန်သည့် အစီအစဉ်ဖြစ်သည့် Digital Service Marketing Strategy သင်တန်းပေးခြင်း၊ ပြိုင်ပွဲကျင်းပခြင်း၊ (US$ ၁၀ဝ၀ဝ) ချီးမြှင့်ခြင်း၊ ထိုင်းနိုင်ငံသို့ စေလွှတ်၍ အသိဉာဏ်ဖလှယ်ခြင်းစသည့် အခွင့်အရေးများကို ရရှိမည်ဖြစ်ကြောင်း"

ယင်းအခမ်းအနားတွင် ကြေညာခဲ့သောသတင်း အချက်အလက်များအရ KASI- KORNBANK SME Competition2018၊ Digital Marketing for Digital Entrepreneur အစီအစဉ်ကိုအောက်ပါ အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်-

စဉ် အစီအစဉ် ကျင်းပမည့်နေ့စွဲ & နေရာ

(က) Digital Marketing Plan Training 29th,June,2018@Melia Hotel Yangon,Myanmar

(ခ) Digital Marketing Plan Competition 20th,August,2018 @Melia Hotel Yangon, Myanmar

(ဂ) Business Trip to Thailand 30~31th,August,2018 @Bangkok,Thailand

 

အဆိုပါအစီအစဉ်တွင် ပါဝင်ပြုလုပ်မည့် Digital Marketing Plan Training သင်တန်းသို့ စိတ်ပါဝင်စားသူများအနေဖြင့် သင်တန်းကြေးပေးသွင်းရန်မလိုဘဲ တက်ရောက် နိုင်မည်ဖြစ်ပြီး The University of the Thai Chamber of Commerce (UTCC), ဖုန်း - ဝ၉၇၃၀၉၇၄၄၇ နှင့် KASIKORNBANK Yangon Representative Office၊ ဖုန်း ဝ၁-၅၂၄၂၈၅၊ ဝ၁-၅၀ဝ၇၂၇၊ ဝ၁-၅၁၄၈၆၈ တို့သို့လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

 

Digital Marketing Plan Training သင်တန်းသို့ တက်ရောက်ပြီးစီးခဲ့သူများသည် KASIKORN Bank မှ ဆက်လက်ပြုလုပ်မည့် Digital Marketing Plan Competition ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသူ၊The First Award Winner of the Competition သည် ချီးမြှင့်ငွေအမေရိကန်ဒေါ်လာ တစ်သောင်း (US$10,000)ရရှိမည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲတွင်ထိပ်ဆုံး(4)နေရာမှ အောင်မြင်သူများသည် ထိုင်းနိုင်ငံသို့ Business Trip သွားရောက်၍ Innovative SMEs များနှင့် တွေ့ဆုံအမြင်ဖလှယ်ခွင့်ရရှိမည်ဖြစ်ပါသည်။

သို့ပါ၍ Digital Marketing နှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်လိုသော SME လုပ်ငန်းရှင်များနှင့် စိတ်ဝင်စားသော ဒေသတွင်းမှ SME များအနေဖြင့် KASIKORNBANK SME Competition 2018 အစီအစဉ် Digital Marketing Plan Training သင်တန်းသို့တက်ရောက်၍ Competition သို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း သတင်းအချက် အလက်မျှဝေလိုက်ရပါသည်။