Burmese

ASEM SMEs Eco Innovation Capacity Building for Government Staffs အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

     ASEAN Summit (ညီလာခံ)အရ စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့်ASEM SMEs Eco-Innovation Center (ASEIC)တို့ ပူးပေါင်း၍မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ကိုမထိခိုက်စေသော ကုန်ပစ္စည်းများထုတ်လုပ်၍ ၄င်းကုန်ပစ္စည်းများကို Eco-Friendly Product ဖြစ်ကြောင်း Eco Label တပ်ပြီး အသိအမှတ်ပြုပေးရန်အတွက် Institution တစ်ခုလိုအပ်သဖြင့် ဖွဲ့စည်းနိုင်ရန် ၊ Eco- Labeling ဆိုင်ရာ Policy ချမှတ်နိုင်ရန်၊ နှင့် Eco-Labeling System တည်ထောင်နိုင်ရန် ရည်ရွယ်၍ (၁၈.၁၀.၂၀၁၇) ရက် နေ့ ဗုဒ္ဒဟူးနေ့တွင် ရန်ကုန်မြို့၊ Novotel Hotel ၌ ASEM SME Eco Innovation Capacity Building for Government Staffs ကိုကျင်းပပြုလုပ် ပေးခဲ့ပြီး စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း နှင့် ASEM SMEs Eco-Innovation Center (ASEIC) မှ Vice Chairman Mr Sejong Kim မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

        အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ တွင် ကိုရီးယားနိုင်ငံမှပညာရှင်များမှ Eco- Labeling နှင့် ပတ်သက်သောအကြောင်းအရာများနှင့် ကိုရီးယားနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် Eco Label အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ပြောင်းလဲလာသည့် ဈေးကွက်နှင့်အညီ ကုန်ပစ္စည်းများ တင်ပို့ရာတွင် Eco Labeling Product များကို စားသုံးသူများပိုမိုရွေးချယ်လာခြင်းကို လည်းကောင်း၊ Eco Label ဆိုင်ရာ Criteria များ ကိုလည်းကောင်း၊ Textile ၊ Food Processing Plastic Products များ Export တင်ပို့ရာတွင် နှင့် Global Standardနှင့် ကိုက်ညီသည့် Eco Labeling  ဆိုင်ရာ အကြောင်းများကို ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။
       အဆိုပါ Capacity Building Program သို့ စက်မှုဝန်ကြီးဌာန၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဝန်ကြီးဌာန၊သစ်တောဦးစီးဌာန တို့မှ အရာထမ်းစုစုပေါင်း (၅၀)တက်ရောက်ခဲ့ပြီး အခမ်းအနားကို ညနေ(၅)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။

  

      ဆက်လက်၍ အခမ်းအနားပြီဆုံးချိန်၌ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့နှင့် ASEIC မှ သက်ဆိုင်ရာ ကိုယ်စားလှယ်များသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း လုပ်ကိုင် ဆောင်ရွက်နေသော စက်မှုလုပ်ငန်းများ၊ Textile လုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ရေများကို Treatment ပြုလုပ်နိုင်ရန်အတွက် Waste Water Treatment Plant တည်ဆောက်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။