Burmese

စက်မှုဝန်ကြီးဌာနနှင့် United Nations Industrial Development Organization တို့ ပူးပေါင်း၍ “Steel Knowledge Sharing in Myanmar for Sustainable Relationships and Standard Seminar” ဖွင့်ပွဲအခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)တွင် ကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ (၁၂)

    စက်မှုဝန်ကြီးဌာနနှင့် United Nations Industrial Development Organization တို့ ပူးပေါင်း၍ “Steel Knowledge Sharing in Myanmar for Sustainable Relationships and Standard Seminar” ဖွင့်ပွဲအခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)တွင် ကျင်းပပြုလုပ်ရာ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးကံချွန်မှ Seminar ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် သံနှင့်သံမဏိထုတ်လုပ်မှုလုပ်ငန်းများ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေး အဓိက လိုအပ်လျှက်ရှိသော နည်းပညာများရရှိရေးအတွက် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ အခြေခံအဆောက်အဦများ အရည်အသွေးပြည့်မီရေးနှင့် တာရှည် အသုံးပြုနိုင်ရေးအတွက် လမ်း၊ တံတားနှင့်အဆောက်အဦများတွင် အသုံးပြုမည့် သံနှင့် သံမဏိထုတ်ကုန်များကို အရည်အသွေးသတ်မှတ်နိုင်ရေး၊ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော အရည်အသွေးနိမ့် သံနှင့်သံမဏိ သွင်းကုန်များအား ပိတ်ပင်တားဆီး နိုင်ရေးအတွက် Iron and Steel Testing and Accreditation Body ထူထောင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ UNIDO မှ Iron and Steel Expert များမှလည်း လိုအပ်သော နည်းပညာဆိုင်ရာ အထောက်အပံ့များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေးကြမည်ဖြစ်၍ တက်ရောက်လာကြသည့် သံနှင့်သံမဏိလုပ်ငန်းရှင် အားလုံးမှ မိမိနိုင်ငံအကျိုးအတွက် အဖက်ဖက်မှဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

     

      အဆိုပါ Seminar ကို ၁၂.၉.၂၀၁၇ မှ ၁၃.၉.၂၀၁၇ ထိ (၂)ရက်ကြာ ကျင်းပမည် ဖြစ်ပြီး UNIDO Expert မှ သတ္တုဗေဒအကြောင်းနှင့် သတ္တုအမျိုးအစားများ သတ်မှတ် ခွဲခြားပုံ၊ သံနှင့်သံမဏိသတ္တုများ၏ ဂုဏ်သတ္တိနှင့် ဓာတုဖွဲ့စည်းတည်ဆောက်ပုံများ အကြောင်း၊ သံနှင့်သံမဏိထုတ်လုပ်ပုံအမျိုးမျိုးနှင့် စံသတ်မှတ်ခြင်းနှင့်စစ်ဆေးအတည်ပြုသည့် နည်းလမ်းတို့ကို ရှင်းလင်းဆွေးနွေးပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါ Seminar သို့ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့သံနှင့် သံမဏိဆိုင်ရာအဖွဲ့အစည်းနှင့် မြန်မာ့သံနှင့်သံမဏိလုပ်ငန်း အဖွဲ့အစည်းတို့မှ ကိုယ်စား လှယ်စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။