Burmese

"Tradional SMEs to Smart SMEs in Myanmar "ခေါင်းစဉ်ဖြင့် Saturday SMEs Talk ကို အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနှင့် ဂျာမနီနိုင်ငံ၊GIZ အဖွဲ့အစည်းတို့ပူးပေါင်း ကျင်းပ

    စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနှင့် ဂျာမနီနိုင်ငံ၊ GIZ အဖွဲ့အစည်းတို့ပူးပေါင်း၍ ယနေ့ မွန်လွဲ (၁:ဝ၀)နာရီမှ စတင်ကာ "Tradional SMEs to Smart SMEs in Myanmar "ခေါင်းစဉ်ဖြင့်Saturday SMEs Talk ကို ရန်ကုန်မြို့ သလ္လာဝတီလမ်းရှိ Centre of Excellence, Incubation Centre တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

  

    အဆိုပါ ဟောပြောပွဲတွင် SME ဖွံ့ဖြိုးတိုးတက်ရေးဌာန မှ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်စကားပြောကြားပေးခဲ့ပြီး GIZ မှ PSD programme ၏ Technical Cheif Advisor, Mr. Thomas မှ အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် စက်မှုဝန်ကြီးဌာန ၊ လက်ထောက်အတွင်းဝန် ဦးအောင်စိုးရ မှ SME ဆိုသည်မှာ သေးငယ်ပေမယ့် အသက်ပြင်းသော အင်းဆက်များနှင့်ဥပမာပေးကာ Supply chain အတွင်းဝင်ရောက်နိုင်ကြောင်း ဈေးကွက်ရရှိရန်နှင့် ကုန်ကျစရိတ်သက်သာရန်မှာ အဓိကဖြစ်ကြောင်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး Shein Cosultant LLC ၊ ဦးကြည်သူရှိန်မှ ဂျပန်နိုင်ငံ၏ Ki-Shi-Ho ဥပဒေအကြောင်းနှင့် ငွေကြေးမဟုတ်သည့် networking သည်လည်း အလွန်အရေးပါကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    Panel Discussion တွင် Nara Tea ထုတ်လုပ်သူ ဦးကျော်သီဟ မှ ကုန်ကြမ်းရရှိရန်ကြိုးစားခဲ့ပုံ၊ စက်ပစ္စည်းများကို ဒီဇိုင်းဆွဲ၍ ဆောင်ရွက်ခဲ့ပုံများကို မျှဝေခဲ့ပြီး နေမင်းဆားစက်မှ ဦးစိန်မောင်မှ လူအများစားသုံးနေကြပြီး ရဟန်းသံဃာများကိုပါ ဆွမ်းဆပ်ကပ်ရာတွင် အသုံးပြုနေရသည့် ဆားများ မသန့်ရှင်းသည်ကို တွေ့ရှိရာမှ ပိုမိုသန့်စင် သည့်ဆားများထုတ်လုပ်ရန် ဆားစက်များကို တီထွင်နိုင်ခဲ့သဖြင့် ဆားအထွက်နှုန်းတိုးလာသည့်အပြင် ကျန်းမာရေးနှင့်ညီညွှတ်သည့်ဆားများ ထုတ်လုပ်နိုင်လာကြောင်း၊customer လိုအပ်ချက်ကို ပြည့်မှီအောင် မထုတ်လုပ်နိုင်သေးသဖြင့် ထုတ်လုပ်နိုင်ရန်ကြိုးစားနေကြောင်း၊စက်တွေကို တီထွင်နိုင်သဖြင့် လုပ်သားလျှော့ချထားခြင်းမရှိဘဲ productivity တက်လာသဖြင့် လုပ်သားထပ်ခန့်ရပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။ 
    ဆက်လက်ပြီး ဦးအောင်အောင်မှ လုပ်ငန်းခွင်သို့သွားရောက်၍ သင့်တော်ပြီး အံဝင်ဂွင်ကျ ဖြစ်မည့်စက်များကို တီထွင်ပေးလျက်ရှိပါကြောင်း၊ ဥပမာအနေဖြင့် ပုဆိုးများ ကော်ဖြင့် ချပ်ချပ်ရပ်ရပ်ဖြစ်စေရန် ၂၄နာရီ press ဖြင့် ဖိထားရကြောင်း၊ ယခုအခါ hydraulic ဖြင့်တီထွင်ထားသည့်စက်ကြောင့် နာရီအနည်းငယ်သာ အချိန်ယူရပါကြောင်း ပြောကြားခဲ့ပါသည်။ ဆရာကြီးဦးတင်ဦးကတော့ ကပ်စီးနည်းထုတ်လုပ်သည့် မိရိုးဖလာ စက်များကို Smart ဖြစ်အောင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ထို့အပြင် ပုန်းရည်ကြီးလုပ်ငန်းတစ်ခုကိုလည်း သစ်တောထွက်ပစ္စည်း ထင်းအစားထိုး စက်ကို တီထွင်ပေးခဲ့ရာ Productivity (၇) ဆခန့်တက်လာသည့်အပြင် ထုတ်လုပ်မှုစရိတ်သက်သာသည်သာမက ပတ်ဝန်းကျင်ကိုပါ ညစ်ညမ်းမှု လျော့ချနိုင်ကြောင်း နှင့် ထင်းမသုံးရတော့သဖြင့် သစ်တော ပြုန်းတီးမှုကိုပါ မိမိဘက်က လျော့ချနိုင်ခဲ့ကြောင်း မျှဝေဆွေးနွေးခဲ့ပါသည်။Nara Green Tea ပိုင်ရှင် ဦးကျော်သီဟ မှ မိမိအရင်က တရုတ်စက်တွေမှာဖူးပါကြောင်း၊ တစစီရောက်လာပြီး manual ကလည်းတရုတ်လိုဖြစ်နေသဖြင့် အခက်တွေ့ခဲ့ရကြောင်းနှင့် ယခုအခါ မိမိidea ဖြင့် စက်များ တီထွင်ပြီး သုံးစွဲလျက်ရှိရာ quality, quatity ပါ တိုးတက်လာကြောင်းနှင့် မိမိနှင့် လုပ်ငန်းတူများကိုပါ မျှဝေလျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။

    ယင်းနောက် တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးခဲ့ကြပြီးဟောပြောပွဲကို ညနေ ၃နာရီခွဲ အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။အဆိုပါ ဟောပြောပွဲသို့ အနယ်နယ်အရပ်ရပ်မှ စိတ်ပါဝင်စားသူ ( ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။