Burmese

စက်မှုဝန်ကြီးဌာနမှ BPI ဆေးဝါး အရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်ခြင်း

၁။     စက်မှုဝန်ကြီးဌာနသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်သူများ ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုမြှင့်တင်ရန်အတွက် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ယခုအခါ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်စိတ်ချရသော BPI စက်ရုံထုတ် ဆေးဝါးများကို ပြည်သူများ အလွယ်တကူဝယ်ယူရရှိနိုင်စေရန် ၁၅-၅-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းဆိုးတန်းအရောင်းဆိုင်နှင့် ဗိုလ်ဆွန်ပက်အရောင်းဆိုင် တို့တွင်လည်းကောင်း၊ နေပြည်တော်ရှိ စည်ပင်ရိပ်သာတို့တွင်လည်းကောင်း ဆေးဝါး အရောင်းဆိုင်များကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။

၂။     နေပြည်တော်တွင် ယခင်ကတည်းက ဖွင့်လှစ်ထားရှိပြီးဖြစ်သော မြို့မဈေးဆိုင်ခွဲနှင့် မင်းသီဟကဖီးအနီး ဇေယျဌာနီလမ်းပေါ်ရှိ စက်မှုဝန်ကြီးဌာနအရောင်းဆိုင်တို့တွင်လည်း BPI စက်ရုံထုတ် ဆေးဝါးများကို အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်း ပြည်သူများသို့ ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
၃။     အောက်ဖော်ပြပါ ဆိုင်လိပ်စာနှင့် ဖုန်းနံပါတ်များသို့ အလွယ်တကူ ဆက်သွယ်ဝယ်ယူနိုင်ပါသည်-

(က)  ဆိုင်အမည်  - ပန်းဆိုးတန်းအရောင်းဆိုင်
  လိပ်စာ  - အမှတ်(၅၆/၅၈/၆၀)၊ ပန်းဆိုးတမ်းလမ်းနှင့် 
ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်။
  တာဝန်ခံအမည် - ဒေါ်အေးဟေမန်စိုး (ကုမ္ပဏီ)
  ဖုန်းနံပါတ် - ၀၉-၅၁၅၇၃၇၈
( ခ)  ဆိုင်အမည်  - ဗိုလ်ဆွန်ပက်လမ်းအရောင်းဆိုင်
  လိပ်စာ - အမှတ်(၅၆/၅၇)၊ ဗိုလ်ဆွန်ပက်လမ်းအလယ်ဘလောက်၊
ပန်းဘဲတန်းမြို့နယ်။
  တာဝန်ခံအမည် - ဦးကြည်လွင်၊ လက်ထောက်အထွေထွေမန်နေဂျာ၊
အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း
  ဖုန်းနံပါတ် - ၀၉-၂၅၀၁၇၆၁၃၄
( ဂ) ဆိုင်အမည် - နေပြည်တော်စည်ပင်ရိပ်သာအရောင်းဆိုင်
  လိပ်စာ - အဆောင်(၄၅)၊ အခန်း(ဝ၁)၊ စည်ပင်တည်ခိုရိပ်သာ
  တာဝန်ခံအမည် - ဦးမိုးကျော်သိန်း၊ မန်နေဂျာ၊ မြန်မာ့ဆေးဝါးလုပ်ငန်း
  ဖုန်းနံပါတ် - ၀၉-၂၅၀ဝ၉၁၅၄၄
(ဃ) ဆိုင်အမည် -  နေပြည်တော်စက်မှုဝန်ကြီးဌာနအရောင်းဆိုင်
  လိပ်စာ - ရုံးအမှတ်(၃၇)အနီး၊ ဇေယျဌာနီလမ်း၊
မင်းသီဟလက်ဖက်ရည် ဆိုင်အနီး
  တာဝန်ခံအမည် - ဦးကိုကြီး၊ မန်နေဂျာ၊
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
  ဖုန်းနံပါတ် - ၀၉-၇၉၇၈၅၆၉၂၁
(င) ဆိုင်အမည် - နေပြည်တော်မြို့မဈေးဆိုင်ခွဲ
  လိပ်စာ - ပ/၇၈၊ သိုလှောင်ရုံ၊ မြို့မဈေး
  တာဝန်ခံအမည် - ဦးရွှေ၊ ဌာနခွဲမှူး၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
ဦးနေဦးမောင်၊ လက်ထောက်မန်နေဂျာ၊မြန်မာ့ဆေးဝါးလုပ်ငန်း
  ဖုန်းနံပါတ် - ဝ၆၇-၄၂၀၃၄၃ / ၀၉-၄၄၄၂၈၈၈၉၈

၄။     အရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိသော BPI စက်ရုံထုတ် ဆေးဝါးအမျိုးအမည်များစာရင်းမှာ-

    (က) Tablet
        (၁) Amoxacillin (10’s x 10’s)
        (၂) Amoxacillin (100’s)
        (၃) Rebovit (100’s)
        (၄) Paracetamol (10’s x 10’s)
        (၅) Furamin-BC (100’s)
        (၆) Burplex “C” (60’s)
        (၇) Burmeton (100’s)
        (၈) Folic Acid (100’s)
        (၉) Cold-Tablet (100’s)
        (၁၀) Cream of Magnesia (75’s)
        (၁၁) Gelmag (50’s)
        (၁၂) Metronidazole (100’s)
        (၁၃) Aminophylline (100’s)
        (၁၄) Cetrizine (100’s)
        (၁၅) Diclofenac (50’s)
        (၁၆) Vitazone (100’s)
        (၁၇) Neurovit (100’s)
        (၁၈) Amlodipine (10’s x 10’s)
        (၁၉) Co-trimaxazole (10’s x 10’s)
    ( ခ) Liquid
        (၁) Aseptol (500 ml)
        (၂) Methylated Spirit (100 ml)
        (၃) Methylated Spirit (500 ml)
        (၄) Burplex Elixir (100 ml)
        (၅) Vitazone Elixir (100 ml)
        (၆) Paracetamal Elixir (100 ml)
        (၇) Children Cough (100 ml)
        (၈) Gripe Mixture (100 ml)
        (၉) Seddi Cough
    ( ဂ) Ointment
        (၁) Repito (100 ml)
        (၂) Zinc Oxide (100 ml)
        (၃) Mezincal (100 ml)
        (၄) Burscabe (100 ml)
    (ဃ) Solid
        (၁) ORS (20.5 gm)
        (၂) ORS (27.9 gm)
        (၃) Cal-D Glucose (New)