MSME လုပ်ငန်းရှင်၏ ငွေကြေးလည်ပတ်မှုတွင် အထောက်အကူ ပြုစေမည့် "Using Invoice Discounting to Support Your Company's Cash Flow ဟောပြောပွဲသို့ စာရင်းသွင်း တက်ရောက်နိုင်ကြောင်း အသိပေးအကြောင်းကြားခြင်း

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသည် Kyopay Technologies Company Ltd နှင့် ပူးပေါင်း၍ MSME လုပ်ငန်းရှင်များအတွက် ငွေကြေးလည်ပတ်မှုတွင် အထောက်အကူ ပြုစေမည့် ငွေကြေးလည်ပတ်မှုနှင့် ပတ်သက်သော ဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှုများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်-

#ကျင်းပမည့်နေ့ရက်#
(၃၁.၅.၂၀၁၉) ရက်၊ သောကြာနေ့၊

#ကျင်းပမည့်အချိန်#
နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲထိ

#ဆွေးနွေ့ပို့ချမည့်နေရာ#
SME Center, အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊

သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ဖုန်း ဝ၁ ၉၆၆၉၈၅၈၊ ဝ၉၄၂၅၀၅၇၇၈၄၊ ဝ၉ ၄၂၃၇၂၁၅၉၀ သို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။