MSME လုပ်ငန်းရှင်များအနေဖြင့် Website တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ စာရင်းသွင်း တက်ရောက်နိုင်ကြောင်း အသိပေးအကြောင်းကြားခြင်း

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသည် ထိုင်းနိုင်ငံ Attitude Asia Co., Ltd နှင့် ပူးပေါင်း၍ MSME လုပ်ငန်းရှင်များအတွက် IT နည်းပညာတစ်ခုဖြစ်သည့် Website တစ်ခု တည်ဆောက်ပြီး၊ ၄င်း Website မှတဆင့် Online Strategy များကို အသုံးပြု၍ ဈေးကွက်ရှာဖွေမှုများကို သိရှိစေရန်အတွက် " Website တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်-

#ကျင်းပမည့်နေ့ရက်#
(၂၇.၅.၂၀၁၉) ရက်၊ တနင်္လာနေ့၊

#ကျင်းပမည့်အချိန်#
နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီထိ

#ဆွေးနွေ့ပို့ချမည့်နေရာ#
SME Center, အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊

# ပရိုမိုးရှင်းအစီအစဉ်#
MSME လုပ်ငန်းရှင်များအတွက်Website တစ်ခုအား အခမဲ့တည်ဆောက်ပေးသွားမည် ဖြစ်ပြီး၊ ထပ်မံဖြည့်စွက်မှုများ ပြုလုပ်ခြင်းအတွက် ဒေါ်လာ (၁၂၀) တန် Website အား ဒေါ်လာ (၈၀) ဖြင့်သာ မှတ်ပုံတင် တည်ဆောက်ပေးသွားမည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ဖုန်း ဝ၁ ၉၆၆၉၈၅၈၊ ဝ၉ ၄၂၅၀၅၇၇၈၄၊ ဝ၉ ၄၂၃၇၂၁၅၉၀ သို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။