Business Model Development Training (၃) ရက်သင်တန်း ဖွင့်လှစ်မည်

       စက်မှုဝန်ကြီးဌာနအနေဖြင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းများကိုဖွင့်လှစ်ပေးလျက်ရှိရာ ယခုအခါတွင် SME လုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ဆန်းသစ်တီထွင်အောင်မြင်နိုင်သောစီးပွားရေးလုပ်ငန်းပုံစံ (၁)ခု တည်ဆောက်လုပ်ဆောင်နိုင်စေရန်အတွက် အဓိကသိရှိရမည့် အချက်များကို အချိန်တိုအတွင်းသိရှိနားလည်ပြီး မိမိလုပ်ငန်း တိုးတက်ရန် စီးပွားရေးပုံစံတစ်ခုကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်စေ ရန်အတွက် အောက်ဖော်ပြပါ သင်တန်းကို (၂၇.၃.၂၀၁၉) ရက်နေ့ မှ (၂၉.၃.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်ရန်စိတ်ဝင်စားပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်း တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။