ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို နိုင်ငံတကာစက်မှုနည်းပညာပြပွဲ ပြိုင်ပွဲ ကြည့်ရှုအားပေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသည် ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ တပ်မတော် ခန်းမတွင် စက်မှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် (၆) ကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ၊ တီထွင် ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ အခမ်း အနားသို့ တက်ရောက်အားပေးသည်။

ရှေးဦးစွာ အခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြပွဲတွင် ခင်းကျင်း ပြသထားသည့် စက်မှု လုပ်ငန်း ပြခန်းများနှင့် စက်မှုနည်းပညာတီထွင် ဖန်တီးမှုပြိုင်ပွဲတွင် ပြသထားသည့် တီထွင်ဆန်းသစ်မှုများနှင့် စက်မှု ထုတ်ကုန်ပစ္စည်း များကို လှည့်လည်ကြည့်ရှုသည်။

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်း၍ ကျင်းပလာခဲ့သည်မှာ (၆) ကြိမ် မြောက်ရှိခဲ့ပြီး ယခုပြပွဲတွင် စက်မှုဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် စက်မှုလုပ်ငန်းများမှ အရည် အသွေးမြင့် ထုတ်လုပ်နေမှုများကို မိတ်ဆက်ပြသရောင်းချခြင်း၊ ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိကကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများကို မိတ်ဆက် ပြသ၍ ရှင်းလင်းပြသ ထားရာတွင် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော မော်တော်ယာဉ် အမျိုးမျိုးနှင့် တင်သွင်း လျှပ်စစ်မော်တော်ယာဉ်များ၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုးနှင့် နည်းပညာဖွံ့ဖြိုး တိုးတက်လာမှု၏ ရလဒ် တစ်ခုဖြစ်သော 3D Printer များကို ကိုယ်တိုင်ဖန်တီး ထုတ်လုပ်၍ ပုံစံငယ် model များထုတ်လုပ်ခြင်း၊ CNC စက်များဖြင့် ပုံစံသစ်အမျိုးမျိုး ဖန်တီး ထုတ်လုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ပစ္စည်း ကိရိယာ အမျိုးမျိုး ၊ နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး၊ တန်ဖိုးမြှင့် ထုတ်လုပ် မှုနည်းပညာများ ၊ပုဂ္ဂလိက အခန်းကဏ္ဍတိုးမြှင့်ပေးရန် ပူးပေါင်း ဆောင်ရွက် ပေးရေးတို့ကိုရှေးရှု၍ ပြပွဲကို ကျင်းပခြင်းဖြစ်သည်။

   

နည်းပညာအသုံးပြု၍ Value Added ထုတ်ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ် နိုင်ရန်၊ နိုင်ငံသားတိုင်း၏ တီထွင် ဖန်တီးမှုစိတ်ကူး၊ စိတ်သန်းများကို မြှင့်တင်ပေးရန်၊ လက်တွေ့အပြင် လောကတွင် အမှန်တကယ် အသုံးချနိုင် သည့် အဆင့်ရောက်စေရန် ရည်ရွယ်၍ Inventor Award စက်မှုနည်းပညာတီထွင် ဖန်တီးခြင်းများကို ကျင်းပ ပြုလုပ်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိ်ုးတက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာများ မိတ်ဆက်ပြသ နိုင်ခြင်း၊ နိုင်ငံတကာနည်းပညာများနှင့် ပြည်တွင်း နည်းပညာများကို အပြန်အလှန်ချိတ်ဆက်၍ ကဏ္ဍအသီးသီး တွင် ပြည်သူလူထုများ ပိုမို ပါဝင်လာစေခြင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ပူးပေါင်း၍ အဆင့်မြင့် နည်းပညာများဖြင့် ထုတ်လုပ်မှု စွမ်းအားပိုမိုတွင် ကျယ်လာ စေခြင်းဖြင့် နိုင်ငံတော် အတွက် အသုံးချနိုင်သောတီထွင်ဖန်တီးမှုများ ထွက်ပေါ်လာ စေရန်ဖြစ်သည်။

စက်မှုနည်းပညာပြပွဲတွင် စက်မှုနည်းပညာများကို အခြေခံကာနည်းပညာ အမျိုး မျိုးသုံး၍ စက်မှုနည်းပညာ တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲအား အဆင့်(၄)မျိုး ကျင်းပခဲ့ပြီး အလွတ်တန်းအဆင့်၊ နည်းပညာတက္ကသိုလ် အဆင့်၊ နည်းပညာကောလိပ်အဆင့်၊ နည်းပညာအထက်တန်းကျောင်း၊ စက်မှုသင်တန်းကျောင်းအဆင့်ဟူ၍ ခွဲခြား ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် အတန်းလိုက် ဆုရရှိသူများအား ပြပွဲနောက်ဆုံးရက်တွင် ဆုချီးမြှင့်သွားမည် ဖြစ် သည်။

စက်မှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုများဖြင့် နည်းပညာဆန်းသစ်၍ စွန့်ဦးတီထွင် လိုစိတ်ရှိလာပြီး မိမိကိုယ် ကိုယုံကြည်မှုရှိလာစေရန်နှင့် သတ္တိ၊လုံ့လနှင့် ဇွဲ၊ ဝီရိယတို့ကို ပိုမိုမြှင့်တင်လာစေရန် စီမံဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။