6th International Industrial Technology & Machinery Show 2019 ကျင်းပပြုလုပ်မည်

     စက်မှုနှင့် နည်းပညာကဏ္ဍ တိုးတက်ဖြစ်ထွန်းလာစေရန် စက်မှုဝန်ကြီးဌာနမှ ကြီးမှူးပြီး Myanmar Engineering Society (MES) မှ ပံ့ပိုးကူညီကာစီစဉ်ကျင်းပလျက်ရှိသည့် " 6th International Industrial Technology & Machinery Show 2019 " ပွဲကြီးကို (၆)ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့တပ်မတော်ခန်းမတွင် ဇန်နဝါရီလ (၂၇ ) မှ (၂၉ )ရက် အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါသည်။
     ယခု (၆) ကြိမ်မြောက်ပြပွဲကြီးမှာ နိုင်ငံတကာမှနည်းပညာနှင့် စက်မှုကုမ္ပဏီကြီးများမှ ထုတ်ကုန်များနှင့်အတူ စက်မှုဝန်ကြီးဌာနလက်အောက်မှ ဌာနများဖြစ်သော DIC , DISI , အကြီးစားစက်မှုလုပ်ငန်း ၁,၂,၃ နှင့် မြန်မာ့ဆေးဝါးလုပ်ငန်းများမှ ထုတ်ကုန်များနှင့် လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပြည်သူများမှ လေ့လာဝယ်ယူနိုင်ရန် ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။
     ဤပွဲတွင် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ အပြန်အလှန်ချိတ်ဆက် ပူးပေါင်းမှုများရရှိပြီး အဆင့်မြင့် နည်းပညာများ စက်ပစ္စည်းများကို မြန်မာနိုင်ငံ၏ အနာဂတ် စီမံကိန်းများတွင် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ ပြပွဲကြီးတွင် စက်ပစ္စည်းများနှင့် နည်းပညာအသစ်အဆန်းများကို တီထွင်ဖန်တီးနိုင်သော မြန်မာလူငယ်လေးများ၏ အရည်အသွေးစွမ်းရည်များကို နှစ်စဉ်ဖော်ထုတ်ပေးလျက်ရှိသော Inventor Award Competition (ကနောင်ဆု) ပြိုင်ပွဲကြီးကိုလည်း ယခုနှစ်တွင် ထပ်မံ၍ကျင်းပသွားမည်ဖြစ်ပါသည်။
     ယခု (၆) ကြိမ်မြောက် 6th International Industrial Technology & Machinery Show 2019 ပြပွဲကြီးတွင် ဝင်ရောက်ပြသလိုသောလုပ်ငန်းရှင်များအနေဖြင့် အောက်ပါအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
     Official Media partner များအဖြစ်ပူးပေါင်းဆောင်ရွက်လိုသော သတင်းမီဒီယာများကိုလဲ ဖိတ်ခေါ်ကြိုဆိုပါသည်။
Myanmar Promotional Services Co.,Ltd
09-788000966
09-43096666
01- 513903