
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန တို့ ပူးပေါင်း၍ MSMEs လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ်ဖြစ်စေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမို အားကောင်းလာစေရန်၊MSMEs အချင်းချင်း ထုတ်ကုန်အရည်အသွေးနှင့် တီထွင်ဆန်းသစ်မှုများကို သိရှိ လေ့လာနိုင်စေရန်၊ ဒေသအချင်းချင်း၊ လုပ်ငန်းရှင်အချင်းချင်း ပေါင်းစပ်လုပ်ကိုင်လာနိုင်ခြင်းဖြင့် ယှဉ်ပြိုင်ရပ်တည်နိုင်စွမ်း ရှိလာစေရန်၊ ဒေသချင်း၊ လုပ်ငန်းရှင်ချင်း ပေါင်းစပ်လုပ်ကိုင်လာနိုင်ခြင်းဖြင့် ယှဉ်ပြိုင်ရပ်တည်နိုင်စွမ်း ရှိလာစေရန်၊ ပေါင်းစည်းလုပ်ကိုင်ဆောင်ရွက်မှုများမှ International Market အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်စေရန် ၊ ဒေသတွင်းထုတ်ကုန်သစ်များကို စားသုံးသူများနှင့် မိတ်ဆက်ပေးနိုင်ရန်၊ မြန်မာနိုင်ငံ အတွင်းရှိ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဈေးကွက် ချိတ်ဆက်နိုင်စေရန်၊ စွန့်ဦးစီးပွားလုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်စေရေး ၊ မြန်မာနိုင်ငံ အတွင်းရှိ MSMEs လုပ်ငန်းများ နိုင်ငံတော်အဆင့် မှသည် နိုင်ငံတကာအဆင့်ထိ အောင်မြင်စွာ တက်လှမ်းနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ၊ သတ္တမအကြိမ်မြောက် MSMEs ဒေသတွင်း ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲအား( ၁၆.၁၁.၂၀၁၈) ရက်နေ့ မှ (၁၈.၁၁.၂၀၁၈) ရက်နေ့ထိ ရန်ကုန်မြို့ ၊ သာကေတမြို့နယ် ၊ မင်းနန္ဒာလမ်း ၊ Fortune Plaza တွင် ကျင်းပမည် ဖြစ်ပါသည်။

အဆိုပါ ( ၁၆.၁၁.၂၀၁၈) ရက်နေ့တွင်ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ သတ္တမအကြိမ်မြောက် MSMEs Products ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းကော်မတီဥက္ကဌ ဒုတိယသမ္မတဦးမြင့်ဆွေ မှ တတ်ရောက်၍ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကား ပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူးနှင့် ဦးမောင်မောင်ဝင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီး များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့်သံတမန်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊အာဆီယံနှင့် မိတ်ဖက်နိုင်ငံများဆိုင်ရာ စီးပွားရေးသံမှူးများ၊ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ MSMEs လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။


ပြပွဲတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း နှင့် အခြားအသိပညာရှင် ၊ အတတ်ပညာရှင်များ၏ Knowledge Sharing အစီအစဉ်များ ၊ မိမိတို့၏ ထုတ်ကုန်ပစ္စည်းများအား Customer များ ရှေ့သို့ တိုက်ရိုက်ပြသနိုင်မည့် Product Show များ အစီအစဉ်များ ၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများအား လက်ရှိဈေးကွက်ထက် ပိုမိုချဲ့ထွင်ပြီး Shopping Mall များ ၊ Mini Mart များနှင့် ချိတ်ဆက်နိုင်ရန်အတွက် Business Matching အစီအစဉ်များ ၊ MSMEs လုပ်ငန်းများနှင့် ပတ်သက်၍ အတွေ့အကြုံ ဗဟုသုတကောင်းများ ရရှိစေရန် စီးပွားရေးပညာရှင်များနှင့် Panel Discussion ပြုလုပ်ခြင်း အစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့ပါသည်။
MSMEs လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စေရန် MSMEs Product ပြိုင်ပွဲ အားလည်း ထည့်သွင်းကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲတွင် လုပ်ငန်းအရွယ်အစားအလိုက် ပထမ ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ခြင်းများလည်း ပြုလုပ်မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။