Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားသမ္မတနိုင်ငံ Bo Sung Powertec Co.,Ltd ၊ BUYANG INDUSTRIAL Co.,Ltd ၊ ဂျာမနီနိုင်ငံ Recycle Engineering Co.,Ltd နှင့် United Nations တို့မှ ကိုယ်စားလှယ်အဖွဲ့များ လာရောက်တွေ့

By: 

Posted: 

04 February, 2015 to 14 February, 2015
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားသမ္မတ နိုင်ငံ၊ Bo Sung Powertec Co.,Ltd မှ Vice Chairman ဖြစ်သူ Mr.Ban Ki Ho ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(၁၃:ဝ၀)နာရီတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ အသေးစားနှင့် အလတ်စားစက်မှုဖွံ့ဖြိုးရေးဘဏ်(SMIDB)များအတွက် နိုင်ငံတကာမှ ချေးငွေအထောက် အပံ့ပေးလိုသူများနှင့် ချိတ်ဆက်ပေးရေးနှင့် ပတ်သက်၍လည်ကောင်း၊ သံမဏိလုပ် ငန်းများနှင့် လျှပ်စစ်ပစ္စည်း ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် Bo Sung Powertec Co.,Ltd အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

Upload file: