Work Programs

လုပ်ငန်းစဉ်များ

 

၁။ နိုင်ငံပိုင်စက်မှုလုပ်ငန်းများအား ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ထုတ်ကုန်များ အရည်အသွေးကောင်းမွန်စေရေးနှင့် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီစေရန် သုတေသနပြုလုပ်ခြင်း၊ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်း၊ အရောင်းမြှင့်တင်ရေးအစီအစဉ်များပြုလုပ်ခြင်းတို့ ဖြင့် အောင်မြင်မှုရရှိစေရန်ဆောင်ရွက်မည်။
၂။ နိုင်ငံပိုင်စက်ရုံအလုပ်ရုံများအား ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ခြင်း၊ နည်းပညာသစ်များထပ်တိုးခြင်းတို့ဖြင့် ပုဂ္ဂလိကစက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်မည်။
၃။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဈေးကွက်၊ နည်းပညာ နှင့် ငွေကြေးအရင်းအနှီးများကို နိုင်ငံတော်နှင့်နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီအထောက်အပံ့ရရှိနိုင်ရန်နှင့် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်။
၄။ စက်မှုဆိုင်ရာ ကျွမ်းကျင်လုပ်သားများကို စနစ်တကျလေ့ကျင့်ပျိုးထောင်ပြီး နိုင်ငံတကာအဆင့်မီ အရည်အချင်းရှိသူများဖြစ်သည်အထိ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရေးအတွက် စက်မှုသင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအား ဆောင်ရွက်မည်။
၅။ စွမ်းအင်ကို အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေးဆိုင်ရာ ဥပဒေမူဘောင်များထွက်ပေါ်လာရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်မည်။