စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို နှင့် မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်နိုင်ငံသံအမတ်ကြီးတို့ ရေဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ (၂၃)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လှုမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးH. E. Dr. LUAN THUY DUONG တို့သည် စက်တင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရ စက်မှုနယ်မြေရှိ နည်းပညာသုတေသနဌာန၌ ကျင်းပပြုလုပ်သည့် ရေဘေးသင့် ပြည်သူများနှင့် ဝန်ထမ်း များအား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်သည်။

  

    ရှေးဦးစွာ HAGL Group ၏ မန်နေဂျင်းဒါရိုက်တာ Mr. Cao Duy Thinh မှ ရေးဘေးသင့်ပြည်သူများအား လှူဒါန်းရခြင်းကိစ္စနှင့်ပတ်သက် ၍ ရှင်းလင်း ပြောကြားပြီး အလှူငွေ ကျပ်သိန်း(၁၀ဝ)ကို ပေးအပ် လှူဒါန်းရာ အမြဲတမ်းအတွင်းဝန် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများနှင့် ဝန်ထမ်းများကို ကိုယ်တိုင် လာရောက်လှူဒါန်းသည့်အတွက် သံအမတ်ကြီးနှင့် အလှူရှင်များအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုများကို ဖော်ဆောင်သည့် ပြယုဒ်တစ်ခုပင် ဖြစ်ပါကြောင်း၊ လှူဒါန်းငွေများကိုလည်း ရေဘေးသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အကျိုးရှိထိရောက်စွာ အသုံးပြုသွားမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရေဘေးသင့်ပြည်သူများအား မူလအနေ အထားအတိုင်းအပြင် ပို၍ လူနေမှုအဆင့်ကိုမြှင့်တင်ပေးရန် အစွမ်းကုန် ကူညီပံ့ပိုးပြီးစီစဉ်ပေးလျက်ရှိပါကြောင်း၊ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် ဖန်တီးပေးသွားမှာဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိအောင် Green Industry များ ထူထောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။


   

    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေဘေးသင့်ပြည်သူများအတွက် စက်မှုဝန်ကြီးဌာနနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းရှင်များမှ ထောက်ပံ့လှူဒါန်းငွေကျပ်သိန်း (၄၀ဝ) ကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ သို့ ပေးအပ်ရာ လှုမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်မှ လက်ခံရယူပြီး ဒုတိယဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

    

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ သာဂရစက်မှုနယ်မြေရှိ ရေဘေးသင့်ဝန်ထမ်းများအား အစားအသောက်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြပြီး ရေဘေးသင့် ဝန်ထမ်းများကိုယ်စား ရေးဘေးဒဏ်ခံစားခဲ့ရသည့် အမှတ်(၁၄)အကြီးစားစက်ရုံ (သာဂရ) မှ ထုတ်လုပ်မှုကျွမ်းကျင်(၄) ဒေါ်ဝေဝေလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူ တို့သည် ရေဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

    

Latest News