စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို UNIDO Myanmar Regional Office ၏ Director and Representative ဖြစ်သူ Mr. Stein R. Hansen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ  ၂၇
   စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် UNIDO Myanmar Regional Office ၏ Director and Representative ဖြစ်သူ Mr. Stein R. Hansen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ (၁၄:ဝ၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
     ထိုသို့ တွေ့ဆုံစဉ် United Nation ၏ Sustainable Development Goals (SDGs) အရ စက်မှုကဏ္ဍနှင့်စပ်လျဉ်း၍ Waste Treatment Project, Safety Food Industry နှင့် Textile Project များကို UNIDO ၏ အထောက်အပံ့ဖြင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ Industrial Policy ချမှတ်နိုင်ရေးနှင့် SMEs များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ Automobile Mechanic ဆိုင်ရာ Skillful Labour များမွေးထုတ်ပေးနိုင်ရေးအတွက် Mobile Vocational Training များ လှည့်လည်ပို့ချရန် နည်းပညာနှင့် သင်ထောက်ကူပစ္စည်း အထောက်အပံ့များ ကူညီပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
      အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် UNIDO Myanmar Regional Office မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Latest News