Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Vanessa Chan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ‌၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ( ၁ )
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Vanessa Chan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (ဝ၉: ၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
       ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် Industrial Parks တည်ထောင်ရာတွင် စင်္ကာပူ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လယ်ယာထွက်ကုန် များကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်‌ရေးအတွက် နည်းပညာဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူ့ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအတွက် လိုအပ်သော သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရေး၊ စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စက်မှုသင်တန်းကျောင်းများနှင့် Mobile Vocational Training များတွင် အဆင့်မြင့် နည်းပညာများ တိုးချဲ့သင်ကြားပို့ချပေးနိုင်ရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။
       အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News