Burmese

POSCO Daewoo Myanmar Corporation Ltd.၏ Managing Director ဖြစ်သူ Mr. Won Yoo-Joon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် TTCL Public Co., Ltd. ၏ President ဖြစ်သူ Mr. Hironobu Iriya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၅
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် POSCO Daewoo Myanmar Corporation Ltd. ၏ Managing Director ဖြစ်သူ Mr. Won Yoo-Joon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲနှင့် TTCL Public Co., Ltd. ၏ President ဖြစ်သူ Mr. Hironobu Iriya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့၊ (ဝ၉:ဝ၀)နာရီနှင့် (၁၁:ဝ၀)နာရီတို့တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။

  

     POSCO Daewoo Myanmar Corporation Ltd. နှင့်တွေ့ဆုံစဉ် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)တွင် အကျိုးတူပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ Steel Industry ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာနယ်ပယ်မှ အသိပညာရှင်/ အတတ်ပညာရှင်များပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြီး ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်နှင့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး၊ SKD စနစ်ဖြင့် မော်တော်ယာဉ်များ ထုတ်လုပ်နိုင်မည့် Automobile Plant ထူထောင်နိုင်ရေးနှင့် မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲကိစ္စရပ်များကိုလည်းကောင်း၊ TTCL Public Co., Ltd. နှင့် တွေ့ဆုံရာတွင် စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းအမျိုးမျိုးမှ ထွက်ရှိ လာသောစွန့်ပစ်ရေများကို ပြန်လည်သန့်စင်ရန်အတွက် Central Waste Water Treatment Plant များ ပူးပေါင်းတည်ဆောက်နိုင်ရေး၊ စက်ရုံ/အလုပ်ရုံများ၏ ရေအရင်းအမြစ်သုံးစွဲမှုနှင့် ရေဆိုးစွန့်ထုတ်မှုတို့ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်မည့် Online Monitoring Control System များ တပ်ဆင်အသုံးပြုရာတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Latest News