Burmese

၂၀၁၆-၂၀၁၇ ခု ပညာသင်နှစ်အတွက် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) ၏သင်တန်းအမှတ်စဉ် (၉) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

By: 

နေပြည်တော် အောက်တိုဘာ (၁၃)
     အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)၏ စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း၊ အမှတ် စဉ်(၉)သင်တန်းဆင်းပွဲအခမ်းအနားကို (၁၃-၁၀-၂၀၁၇) ရက်နေ့၊ နံနက်(၉:၀ဝ)နာရီ အချိန်တွင် သင်တန်းကျောင်း၏ သုံးထပ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် နှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်တို့က သင်တန်းဆင်းမိန့်ခွန်းများ မြွက်ကြားပေးခဲ့ပါသည်။
      ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က သင်တန်းတွင် သင်တန်းသား စံပြဆုရရှိသော Machine Tool Operator သင်တန်းမှ သင်တန်းသား အမှတ် (ITC-1330) မောင်ထက်မြက်ဝင်းအား လည်းကောင်း၊ သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊ ညွှန်ကြားရေး ဦးစောမှတ်ကျော်က သင်တန်းတက် ရက်မှန်ဆုရရှိသူ CNC Operator သင်တန်းမှ သင်တန်းသူ အမှတ် (ITC-1387) မခင်ညိုအေး၊ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသူများဖြစ်ကြသည့် Machine Tool Operator သင်တန်းမှ သင်တန်းသား အမှတ် (ITC-1330) မောင်ထက်မြက်ဝင်း၊ CNC Operator သင်တန်းမှ သင်တန်းသားအမှတ် (ITC-1360) မောင်ဝင်းသန့် ၊ Electrician သင်တန်းမှ သင်တန်းသားအမှတ် (ITC-1399) မောင်မင်းဇော်ဦး၊ Welder သင်တန်းမှ သင်တန်းသားအမှတ် (ITC-1439) မောင်ဇော်မင်းထက်တို့အား ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းသား ကိုယ်စားလှယ် တစ်ဦးထံ သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ သင်တန်းကျောင်းသို့ သင်ထောက်ကူစက်ပစ္စည်းများ လှူဒါန်းပေးပါသော Win General Electric Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင်းအောင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
      အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှဝန်ကြီး၊ စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ သင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်ထောက်ကူစက်ပစ္စည်းများလှူဒါန်းပေးပါသော Win General Electric Co.,Ltd မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း သင်တန်းသားများ၏ မိဘဆွေမျိုးများ၊ ကျောင်းအုပ်ကြီးနှင့် သင်တန်းကျောင်းမှ နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား (၁၂၃)ဦး၊ သင်တန်းသူ (၁၆)ဦး၊ စုစုပေါင်း သင်တန်းသား (၁၃၉)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။

  

     ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့အဖွဲ့သည် သင်တန်းဆင်း သင်တန်းသား/ သူများ၏ လက်တွေ့လုပ်ဆောင်မှုနှင့် စွမ်းရည်ပြသခြင်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ သင်တန်းအား (၂၁-၁၁-၂၀၁၆) ရက်နေ့မှ (၁၃-၁၀-၂၀၁၇) ရက်နေ့အထိ Computerize Numerical Control(CNC) Operator၊ Electrician၊ Machine Tool Operator နှင့် Welder သင်တန်းအမျိုးအစား(၄)မျိုးကို စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းကျောင်း တွင် နောင်ထပ်မံဖွင့်လှစ်မည့်သင်တန်းများ၌ ယင်းဘာသာရပ်(၄)မျိုးအပြင် Automobile နှင့် Aircon & Refrigeration ဘာသာရပ်များကိုတိုးချဲ့သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Latest News