Burmese

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ အိမ်သုံး ဆိုလာမီးထွန်းစနစ် အစုံ ၁၅၀ လှူဒါန်း

စက်တင်ဘာ ၂၂ ရက်
    ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ကိုရီးယားသမ္မတနိုင်ငံ KDE&C ကုမဏီက စက်မူဝန်ကြီးဌာနမှတစ်ဆင့် အိမ်သုံးဆိုလာ မီးထွန်းစနစ် အစုံ ၁၅၀ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

    လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက ဒေသခံ တိုင်းရင်းသားများ၏ အဓိကလိုအပ်ချက်များတွင် လျှပ်စစ်မီး ရရှိရေးလည်းပါဝင်ကြောင်း တိုင်းရင်းသားများ၏ လိုအပ်ချက်ကို ကိုရီးယားသမ္မတနိုင်ငံ KDE&C ကုမ္မဏီက စက်မှုဝန်ကြီးထာနမှတဆင့် အိမ်သုံးဆိုလာမီးထွန်းစနစ်များ ပေးအပ်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
    ထို့နောက် အိမ်သုံးဆိုလာမီးထွန်းစနစ် အစုံ ၁၅၀ အား စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကြသည်။
     ယင်းနောက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ တပ်ဆင်အသုံးပြုပုံများကို ကျွမ်းကျင်ပညာရှင် ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ဇော်က ပြသသည်။

  ရခိုင်ပြည်နယ်က ကျေးလက်နေပြည်သူတွေရဲ့ လျှပ်စစ်မီးလိုအပ်ချက်ကို အထောက်အပံ့ဖြစ်စေဖို့အတွက် ကိုရီးယားသမ္မတနိုင်ငံ KDE&C ကုမ္မဏီက ထုတ်လုပ်တဲ့ အမေရိကန်ဒေါ်လာ ၁၅၀ဝ၀ တန်ဖိုးရှိ အိမ်သုံးဆိုလာ မီးထွန်းစနစ် အစုံ ၁၅၀ ကို လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ ဒီနေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်က နေအိမ်တွေ မီးလင်ဖို့သာမက ဘက်ထရီအားသွင်းဖို့နဲ့ လက်ကိုင်ဖုန်းအားသွင်းဖို့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်က အသုံးပြုသူတွေအတွက် ဘေးအန္တရာယ်ကင်းတဲ့အပြင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း မဖြစ်ပေါ်နိုင်ပါဘူး ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က ပြောသည်။

Latest News